Monday, December 9, 2013

ဆင်း ရဲသူ ဖေးကူ ပေးကြပါ

Monday, March 25, 2013

အချစ်မဦးခဲ့သော်လည်းအပိုင်း(၄)

----- ရွှေဝတ်မှုံ ----
      ရွှေဝတ်မှုံ ရဲ့ ပြိင်ဘက် ကရုပ်လည်း မရှိ၊ရွှေလည်းမရှိ၊ငွေလည်းမရှိ တဲ့သူတယောက်ဖြစ်နေ တယ်မြ နှင်းအေး လို မိန်းကလေးဆီက အာကာကို ရအောင်ပြန်ယူရတာက ရွှေဝတ်မှုံအရမ်း နိမ့်ကျသလိုခံစားရတယ်။အရှုံးတွေရသလိုခံစားရတယ်။မြနှင်းအေးက အာကာကို ဆွဲမထားဘူး အသာတကြည်ပြန်လွတ်ပေးတယ်။ဘာသဘောလည်း၊မြနှင်းအေးဘာမှ မခံစားရတာ ဘာသဘောလဲ၊
အာကာက ဘာလို့မပြောလဲ၊အလောင်းအစားနဲ့ ရီးစားစကားပြောခဲ့တာလို့ ငါ့ကိုဝန်မခံတာလဲ။သည် လိုသူပြောခဲ့ရင် ရွှေဝတ်မှုံစိတ်သက်သာတာပေါ့။အာကာက မြနှင်းအေး ကိုစိတ်ထဲက မပါပဲ ရီးစားစကား ပြောခဲ့တာပါလို့ဝန်ခံလိုက်ရင် ရွှေဝတ်မှုံစိတ်သက်သာမှာပေါ့။
         ရွှေဝတ်မှုံသိလိုက်ပြီ၊အာကာ  ရွှေဝတ်မှုံကိုမချစ်ဖူး၊တကယ်ချစ်တာက မြနှင်းအေး၊ငါက အာကာအတွက် ဘာလဲ၊အာကာ ကမြနှင်းအေးဆို အရမ်းညှာတာတယ်၊သနားနေတယ်။ အားနာနေတယ်။ယောင်္ကျားတယောက်ရဲ့ ကတိတခုကြောင့်သာငါ့ဆီပြန်လာပြီး သူစိတ်က ဟိုမှာ ကျန်ရစ် နေပြီ၊ပြောရရင် အာကာအချစ်က ငါ့ဆီမှာ ရာနှုံးပြည့် ရှိမှာ မဟုတ်ဘူး။ရွှေနံ့သာက လူတွေ မြနှင်းအေး နဲ့ အာကာအကြောင်းပဲသိတယ်။ငါနဲ့ အာကာအကြောင်း ကိုမသိဖူး။မြနှင်းအေး ကို သနားနေကြတယ်။
------င၀ိုင်း-----
     အာကာက ကာလသာတွေ ကြားမှာ အနိုင်ရလိုမှု တခုတည်း နဲ့ ပြိုင်ဆိုင်ပြီးရီးစား စကား ပြောခဲ့ ပေမဲ့မြနှင်းအေးလက်ခံလိုက် တဲ့အချိန်မှာ၊အချိန်ကြာလာတာသံယောဇင် ရှိသွားတယ်။အမေတစ်ယောက်ကို လုပ်ကျွေးနေရတဲ့ အာနည်းတဲ့လူတစ်ယောက်ကိုနှိပ်စက်မိပြီး ဆိုပြီး အာကာစိတ်မကောင်းဖြစ်နေတာလို့ င၀ိုင်းကပြောတယ်။
      ရွှေဝတ်မှုံ နဲ့မြနှင်းအေး ထမင်းဆိုင်မှာ ဆုံကြတယ်။ ရွှေဝတ်မှုံ ကအပျံစားဝတ်ထားတယ် အကောင်းစားတွေ ၀တ်ထားတယ်။မြနှင်းအေးက ဘာမှမမ၀တ်ထားဘူးတောက်တောက်ပြောင်ပြောင် မရှိဖူး၊အခင်းမရှိ အကာမရှိထမင်းဆိုင် လေးနဲ့ မြနှင်းအေးကို လမ်းကဖြတ်သွားလူတောင်လှည့်ကြည့် မှာမဟုတ်ဘူး။အာကာဘာတွေဖြစ်နေလဲ။ဘာ လို့ပြန်မလာတာလဲ။စာမေးပွဲ ဖြေဖို့ပြန်မလာတာလဲ။ အာကာဒီလောက် အရတာလဲ။
        ရွှေဝတ်မှုံကိုသိလားလို့ ရွှေဝတ်မှုံက မြနှင်းအေးကို မေးတဲ့အခါ သိပါတယ်၊ရန်ကုန်မြို့အနှံ့ မှာ ရှိနေတဲ့ ရွှေဝတ်မှုံ Super Market ပိုင်ရှင် ကိုအာကာလက်ထပ်မဲ့ မိန်းကလေးဆိုတာသိပါတယ်လို့ပြောတယ်။
       သိနေရက်နဲ့ မြနှင်းအေး ကို အာကာကို ဘာလို့လက်ခံရတာလဲ။
       ကိုအာကာကို အနိုင်ရစေချင်လို့ မရှုံးစေချင်လို့ပါ။
ဒါဆို မြနှင်းအေး အာကာကို မချစ်ခဲ့ဖူးပေါ့
မြနှင်းအေး အာကာကို မချစ်ခဲ့ပါဖူး ရွှေဝတ်မှုံ။
ဒါဆိုဘာကြောင့် တွဲခဲ့ရတာလဲမြနှင်းအေး
ရွှေဝတ်မှုံ  ကိုပြောပြီးပြီလေ၊အလောင်းအစားကြောင့်တွဲခဲ့တာပါဆို။
မြနှင်းအေး စိတ်ထဲကလုံမပါပဲ အလောင်းအစားအတွက် သက်သက်လက်ခံလိုက်ရတာပေါ့ဒီလိုလား။
မှန်ပါတယ် ရွှေဝတ်မှုံနည်းနည်းလေးတောင် စိတ်မကစားမိတာအမှန်ပါ။
   မြနှင်းအေး မချစ်ပဲနဲ့ အနိုင်ရစေလို့ ကူညီ တဲ့စိတ်ကိုက အာကာကို ချစ်နေလို့ ပဲ ရွှေဝတ်မှုံယူဆတယ် မချစ်ရင် အပြတ်ငြင်းရမှာပေါ့၊
        မြနှင်းအေး ကထမင်းရောင်းနေတာပါ။ကိုယ်ဆိုင်ကို လာသူတွေကို တားပိုင်ခွင့်လည်း မရှိဖူးလေ မြနှင်းအေး ငြင်းလိုက်ရင် အခြေအနေတွေက ပိုဆိုးမှာစိုးလို့ ခေါင်းငြိမ့်ရတာပါ။ အရှံးပေး လိုက်တဲ့သဘောပါ ရွှေဝတ်မှုံ။ ကိုအာကာကို လက်ခံလိုက်ရင် ကျန်တဲ့ ကာလသားတွေနောက် ဆုတ် မှာပဲဆိုပြီး လက်ခံလိုက်တာပါမ ရွှေဝတ်မှုံ။ကိုအာကာမှာ မ ရွှေဝတ်မှုံရှိပြီးသားဆိုတာကို မြနှင်းအေးသိပါတယ်။ဘာမှ အင်အားမရှိတဲ့မြနှင်းအေးက ကိုအာကာကို အရှုံးပေးပြီးလက်ခံလိုက်တာပါ။ချစ်လို့လက်ခံလိုက်တာမဟုတ်ပါဖူး။နီးစပ်လို့ဖြစ်သွား တာလဲ မဟုတ်ဖူး။ကာလသားတွေ ပါးစပ်ဆော့တာ တိတ်သွားအောင် လက်ခံခဲ့တာပါ။အာကာ အချိန်တန်ရင် မြနှင်းအေးဆီ ပြန်မယ်ဆိုတာ သိပြီးသားပါ။

Saturday, March 23, 2013

အချစ်မဦးခဲ့ပေမဲ့အပိုင်(၃)

       ရွှေဝတ်မှုံ သိလိုက်ရတာက မြနှင်းအေးကို သူအရှုံးပေးလိုက်ရတယ် ဆိုတာပါဘဲ။ နားမဆန့် အောင်ကြားလိုက်ရတာ က အာကာက မြနှင်းအေးဆိုင်မှာ ခရမ်းချဉ်သီး လှီးစားပွဲထိုး တယ် ဆိုတာကို။
         ရွှေဝတ်မှုံအဖေက ရန်ကုန်မှာ ထိပ်သီးစီးပွားရေး လုပ်ငန်းရှင်၊သည်လိုလူလက်အောက် မှာတောင်အလုပ်မလုပ်နိုင်ဘဲ၊သည်ဆိုင်မှာ သူကူနေသတဲ့လား။ စာမေးပွဲကြေးဒေါ်လာ သွင်းထားတာ တောင်လာမဖြေနိုင်ဖူး။အားလုံးကိုမေ့ပြစ်နိုင်စွမ်းရှိနေသလား။
        ရွှေဝတ်မှုံ စဉ်းစားမိတယ်။အော်ငါ့ရဲ့ပြိုင်ဘက် ငါအရှုံးပေးခဲ့ရတဲ့ ပြိုင်ဘက်က ကြမ်းခုနှစ်ချောင်း အိမ်တောင်မပိုင်ဆိုင်ခဲ့သူပါလား။ငါ့ကို ပြုံးပြီးမြနှင်းအေး ကြည်နိုင်သေးတယ်။သူရင်ထဲဘာမှ မခံစာရပါလား။သူရင်ကွဲပက်လက်ဖြစ်ရမှာကို ဘာလို့ ပြုံးနေရတာလဲ။
        အာကာအမေကမြနှင်းအေးကို သွားတောင်းတယ်ဆိုတာ ကို ရွှေဝတ်မှုံမကြေနပ်ချင်။ ရွှေဝတ်မှုံ ဆီကိုအာကာအမေလာတောင်းတာမရှိသေး။အာကာကလည်းသည်နေ့ရွှေညရွှေ့။
       အာကာသူငယ်ချင်း င၀ိုင်း စကားအရ အလောင်းအစားလုပ်ရင်း ရီးစားဖြစ်သွားတာလို့ ပြောပေမဲ့ အာကာရင်ထဲစူးစူးနစ်နစ် ၀င်ရောက်လေးနက်တာ ကို ရွှေဝတ်မှုံ မြင်ရတယ်။အာကာနောက်ဆုတ် ရလွယ်အောင် ရွှေဝတ်မှုံငွေပုံပေးပေမဲ့ သည်ဆူးနစ်နေတာကို နုတ်လို့ရပါ့မလား။အာကာခြေထောက် ကနောက်ဆုတ်ပြီးပါလာတာတောင်အသည်းမှာ ဆူးတချောင်းပါလာမှာလေ။
      အရမ်နုံချာတဲ့ထမင်းဆိုင်လေးမှာ ထမင်းစားပြီးဦးညွှတ်ခဲ့ရတာ ရွှေဝတ်မှုံ ဘ၀မှာ မမေ့နိုင်ပါ။ အရှုံး အများကြီး ပေးခဲ့ရတယ်လို့ ခံစားရပါတယ်။ အဆင့်တူလို့ ကိုယ်ရှုံးသွားရင် ပြသာနာမရှိ၊သည်နုံချာလွန်း သူနဲ့ယှဉ်လိုက်မှရှုံးရတာကို ရင်ထဲမှာမချိ။အာကာက ပလင်ထက်မှာ မပျော်ကြမ်းခုနှစ်ချောင်းမှာ ပျော်တဲ့ လူ။
        ------မြနှင်းအေးကပြောတယ်----
 ကိုဝိုင်း--မြနှင်းအေးနားလည်ပါတယ်။ကိုဝိုင်းတို့မြှောက်ပေးလို့ မြနှင်းအေးကို ရီးစားစကားလာပြောတာ သိပါတယ်။အလောင်းအစားလုပ်တာကိုလဲသိတော့ ကိုအာကာကို နိုင်စေချင်တယ်။အနိုင်ရစေချင်လို့ လို့ မြနှင်းအေးအဖြေပေးလိုက်တာ။ကိုအာကာမှာ လက်ထပ်ရမဲ့ ချမ်းသာတဲ့မမ ရန်ကုန်မှာ ရှိနေတာကို သိနေပါတယ်။သိနေရက်နဲ့အနိုင်ရစေချင်လို့ အဖြေပေးခဲ့တာပါ။
     ------အာကာကပြောတယ်-------
   င၀ိုင်း----မင်းစဉ်းစာကြည့်၊ငါမြနှင်အေးအတွက်ဘယ်လောက်လုပ်ပေးခဲ့လဲ။ငါဘယ်လောက်ဂရုစိုက် ခဲ့လဲ။ငါကသူ့ကို စွန့်ခွာထွက်သွားဖို့ အားမရှိဘူး။ဒါပေမဲ့မြနှင်းအေးက ငါရန်ကုန်ကို ထွက်သွားမယ် ဆိုတာ ဘာမှမတားဘူး။ဘာမှမခံစားရဘူး။ စိတ်မကောင်းဖြစ်တာလဲ မရှိဘူး  သူနည်းနည်း စိတ်မကောင်း ဖြစ်ရင် ငါကြေနပ်ပါတယ်။သူ့ကို ငါချစ်သလောက် ရဲ့ဆယ့်ပုံတစ်ပုံလောက် ချစ် ရင်ကောင်းမယ်။
အပိုင်း(၄) ဆက်ရန်


Friday, March 22, 2013

အချစ်မဦးခဲ့လည်းအပိုင်း(၂)

    နောက်တနေ့ ရောက်တော့ ကာလသားတသိုက် နဲ့အာကာ အောင်ထက် ရောက်လာတယ်။ထမင်း မှာလဖက်မှာနဲ့ဆိုင်လည်းစည်ကားသွားတယ်။့အာကာ အောင်ထက် ကမြနှင်းအေးကို လှမ်းကြည့်ပြီး သာမန်ရုပ်ရည်ပဲလေ။မင်းတို့က ဘာကိုကြိုက်နေတာလဲ။ဒို့ရွှေနံ့သာမှာ သူ့ထက်သာတာတွေ အပုံပါကွာ လို့တိုးတိုးလေးပြောတယ်။
       အာကာအောင်ထက်လည်း ရွှေနံ့သာ ရောက်ပြီးနေ့စဉ် မြနှင်းအေး ဆိုင်သို့ သွားရတာ အလုပ်တခု ဖြစ်လာတယ်။ရီးစားစကား ပြောလည်း စိတ်မဆိုး သူ့ကိုမပြောသလို နားထောင်နေတတ် သည့်မြနှင်းအေးကိုအားမရ။အာကာ အောင်ထက် ရန်ကုန်မြို့မှာ ပွဲတိုင်းနိုင်ခဲ့သမျှ မြနှင်းအေးနဲ့တွေမှ ကိုယ့်အရည်အချင်းကိုယ်မယုံ ဖြစ်ခဲ့ရသည်။မြနှင်းအေးငြင်းတာလဲမဟုတ်။ခေါင်းငြိမ့်တာလဲမဟုတ်။
      ကာလသားတွေက ပံ့ပိုးပေးလည်း အရာမထင် မြနှင်းအေးက မကြားချင်ယောင် မသိ ချင်ယောင် နေတတ်သည်။အဖြေတောင်းလည်းမပေး၊သည်လိုနှင့် အာကာ အောင်ထက်ရှုံးရတော့ မည်။နောက်ဆုံးတော့ အာကာ အောင်ထက် ကအမေ့ကို ဖွင့်ပြောပြီး မြနှင်းအေးကို တောင်းခိုင်းသည်။ အာကာ အောင်ထက်အမေလည်းမြနှင်းအေးဆိုင်သို့ လာပြီး အာကာ အောင်ထက်ကမြနှင်းအေးကို လက်ထပ်ရန်တောင်းခိုင်းကြောင်းလာပြောသည်။
        ကာလသား င၀ိုင်း ကအာကာထက်အောင် နဲ့အလောင်းအစားစိမ်ခေါ်ထားတာကိုမြနှင်းအေး သိ ပြီးဖြစ်သည်။အာကာ အောင်ထက် ရန်ကုန်မှာ လက်ထပ်ရမဲ့ မမ ရှိနေတယ်ဆိုတာလဲ သိထားတယ်။ အာကာ အောင်ထက် အမေလာတောင်းတော့ မြနှင်းအေး အံ့သြသွားတယ်။
       အာကာ အောင်ထက်နဲ့ကာလသား တစု မြနှင်းအေးဆိုင် ကိုရောက်လာတယ်။မြနှင်းအေးလည်း အားလုံးရဲ့အရှေ့ မှာ အာကာ အောင်ထက်ကို လက်ခံပါတယ်လို့အဖြေပေးလိုက်ပါတယ်။ အာကာ အောင်ထက် နဲ့ ကာလသာတသိုက် ပျော်ကြတယ်။
       သူတို့ရဲ့အပျော်တွေကို မြနှင်းအေး ကောင်းစွာ နားလည်နေပါတယ်။သူတို့ပျော်ရင် ကြေနပ်ပါပြီ၊ သူတို့အလောင်းအစားလေးပြီးသွားပြီ၊မြနှင်းအေး လည်း ကာလသားတွေသူ့ကိုထိကပါးရိကပါး လုပ် တော့မည်မဟုတ်လို့ သူစိတ်ပေါ့ပါးသွားပါတယ်။
       အာကာ အောင်ထက် ကာလသားတသိုက် ရောက်လာပြီဆိုရင် အာကာ အောင်ထက်ကြက်သွန် လှီး၊ထမင်းခူး၊စားပွဲထိုး အားလုံးကူလုပ်သည်။အားလုံးက မင်းအလှုရှင် မှန်းသိအောင်လုပ်နေတာလား ယုံပါတယ်၊သိပ်မကပ်နဲ့ လို့ပြောပါတယ်။အာကာ အောင်ထက်နေ့တိုင်း လာပြီးကူညီပါတယ်။မြနှင်းအေး လည်းဘာမှမပြောတော့ပါ၊အချိန်တန်ရင် အာကာ အောင်ထက်အိမ်ပြန်မယ်ဆိုတာ သိပြီးသားလေ။
       အာကာ အောင်ထက်က ညနေ ဘုရားမှာ ဆုံရအောင်လို့ မြနှင်းအေးကိုပြောတယ်။မြနှင်းအေးနဲ့ အာကာ အောင်ထက် ဘုရားမှာဆုံကြတယ်။အာကာ အောင်ထက်ပြောထားလို့ထင်တယ်၊ ကာလသား တွေရောက်လာတယ်။ အားလုံးအရှေ့မှာမြနှင်းအေး ကပြောတယ်၊---ကိုအာကာ အောင်ထက် ထားသွားခဲ့ရင်တောင် ဒီတသက် အသစ်မရှာဖူးလို့ ဆုတောင်းခဲ့ကြောင်း----- ပြောလိုက်တော့ အာကာ အောင်ထက် မျက်နှာပျက် သွားတယ်၊ကာလ သားတွေလည်း ခေါင်းငိုက်စိုက်ကျသွားတယ်။အာကာ အောင်ထက် နဲ့ကာလ သား တွေ အပျော်တွေပျောက် ကုန်တယ်။
         နောက်ရက်တွေအာကာ အောင်ထက် နဲ့ ကာလသားတွေ လာပေမဲ့ ခါတိုင်းအပျော်တွေ မရှိ ဖူး၊ အားလုံး အသက်ပါသလို ခြောက်သွေ့နေတယ်။အာကာ အောင်ထက်မျက်နှာပျက်နေတာ တပတ် လောက်ရှိနေပြီ၊အာကာ အောင်ထက် မှာစဉ်းစားစရာတွေ များလာတယ်။ အပျော်လွန်ပြီး လောင်းကစားလုပ်တာ ဘ၀ကိုပါလောင်းကစား မိပြီဆိုတာအာကာ အောင်ထက်သိ သွားတယ်။အာကာ အောင်ထက် ဘ၀ကို လောင်းကြေးထပ်တာမဟုတ်ဘဲ မြနှင်းအေးဘ၀ကို သူ လောင်းမိတယ်ဆိုတာသူစဉ်းစားမိတယ်။
       သည်မြို့လေးကအရမ်းကျဉ်းတယ်။သတင်းက ချက်ချင်းပြန့်တယ်။မြနှင်းအေးကို ဘယ်သူလက် ထပ်မလဲ၊ မြနှင်းအေးနာမည်နဲ့ ဘ၀ကို ဖျက်မိနေပြီဆိုတာ အာကာ အောင်ထက် စဉ်းစားမိတယ်။အာကာ အောင်ထက်ရင်တွေပူပြင်းလာပြီ။ငါ့ဘ၀ကို စဉ်းစားပြီးတော့ သူ့ဘ၀ကို မစဉ်းစားခဲ့ပါလားဆိုတာတွေမိတယ်။
        အာကာ အောင်ထက်ရွှေနံ့သာမှာ တစ်လထက် ကြာနေတော့ရန်ကုန် က အာကာ အောင်ထက် ရီးစားရွှေဝတ်မှုံလိုက်လာပါတယ်။ရွှေဝတ်မှုံလည်းသိသွားတယ်။အာကာ အောင်ထက်နဲ့ ရွှေဝတ်မှုံ  မြနှင်းအေး ထမင်းဆိုင်လေးကိုရောက်လာပါတယ်။ထမင်းစားတယ်။အာကာ အောင်ထက်စိတ်မကောင်းဖြစ်နေတယ်။ ရွှေ  ၀တ်မှုံကသွက်သွက်လက်လက်နဲ့ ရန်ကုန်ရောက်ရင် မြနှင်းအေး ၀င်လာတည်းနိုင်ပါတယ်။လိုအပ်တာ ကူညီပါမယ်လို့ပြောတယ်။ရွှေဝတ်မှုံက အာကာ အောင်ထက် လက်ထပ်ပြီိး အာကာ အောင်ထက် Singapore မှာ ကျောင်းတက်မယ်ဆိုတာ မြနှင်းအေးကိုပြောပြတယ်။
        မြနှင်းအေးက နားထောင်နေတယ်၊ဘာမှပြန်မပြော ၊အေးဆေးစွာအမူအရာမပျက် နားထောင် နေတယ်။မြနှင်းအေး ပြုံးပြီးနားထောင်နေတယ်။မြနှင်းအေးပြုံးပြီးနာထောင်နေတော့တဖက်သတ် ပြောနေ ရသလိုဖြစ်နေပါတယ်။သူ့ပုံစံက ပိုင်ရှင်လက်ထဲ ပြန်ပေးလိုက်တဲ့ပုံ၊သူပိုင်မဟုတ်တဲ့ပုံစံ၊ဘာမှမခံစားရသလို ပြောနေတယ်။သူပုံကပြောရရင် ၀မ်းသာနေတာလား၊သည်လိုဖြစ်လာမယ်ဆိုပြီးသိထားတာလား
      မြနှင်းအေးဆိုတဲ့မိန်းမကဘာလဲ၊သူ့ရှေ့မှာ ငါကျဆုံးသွားတယ်၊ဘာမဟုတ်တဲ့ မိန်းမရှေ့မှာ ငါကျရှုံးခဲ့တယ်၊ငါသာမတည်မငြိမ်ဖြစ်နေတာ သူကအပြုံး မပျက်ဖူး၊အာကာ အောင်ထက် မျက်စေ့ထဲ စိတ်ထဲဘယ်လိုနေမလဲယှဉ်ကြည့်နေမှာဘဲ၊မြနှင်းအေးကြောင့်ငါရှုံးတာလား၊အာကာ အောင်ထက် ကြောင့် ငါရှုံးရတာလား (အပိုင်း-၃-ဆက်ပါမည်)
       

Thursday, March 21, 2013

အချစ်မဦးခဲ့သော်လည်း

      ရွှေဝတ်မှုံ အရာရာကို အချိန်တိုင်း အနိုင်ရလာပေမဲ့ သည်တစ်ပွဲမှာ နားမလည်စွာနဲ့ အရှုံးပေး ခဲ့ရ တယ်။ ရွှေဝတ်မှုံက ရန်ကုန်မြို့ အတွင်းသူပိုင်ဆိုင်တဲ့ Super Market ဆိုင်ခွဲပေါင်းများစွာ ကိုရင်ကော့ မော့ ပြီးစစ်ဆေးနေချိန်မှာ အရောင်စာရေးမပေါင်းများစွာက ခေါင်းငုံ့ ဦးညွှတ်ခဲ့ပါတယ်
        ငါဆိုတဲ့ ရွှေဝတ်မှုံတစ်ဦးတည်း ထိခိုက်ခံစားရပြီး မြနှင်းအေး ဘာမှ မခံစားရပါလား။မြနှင်းအေး အပြုံးကို ရွှေဝတ်မှုံသိတယ်။ပိုင်ရှင်ဆီကို ပြန်အပ်လိုက်တဲ့ အပြုံးမျိုး၊မြနှင်းအေးက အာကာကို မချစ်ဖူး၊အာကာက မြနှင်းအေးကိုချစ်နေတယ်၊အာကာ အကြောင်း ရွှေဝတ်မှုံ အသိဆုံးပါ၊ငါသေအောင် မုန်းတယ်၊မြနှင်းအေးကိုပြောတာ၊ ငါဖုန်းချလိုက်တော့မယ်။
        ရွှေဝတ်မှုံဘ၀ ဘာဖြစ်သွားလဲ။ ရွှေဝတ်မှုံ ကငါပိုင်ဆိုပြီး၊အော်နေတာ၊မြနှင်းအေးက ပိုင်ရှင်တွေ့ ပြီ ဆိုပြီးအေးဆေးစွာပြန်ပေးနိုင်ရတာလဲ၊မြနှင်းအေးလောဘမရှိဖူးလား။
ရွှေနံ့သာမြို့လေးဟာ ရန်ကုန်မြို့နဲ့မိုင်ပေါင်းများစွာ ဝေးတဲ့မြို့လေးဖြစ်ပါတယ်။ရွှေနံ့သာမြို့ငယ်လေး ထဲမှာ ပရိဘောဂ အဲကွန်း ဘာမှမပြည့်စုံတဲ့ ပြည့်စုံထမင်းဆိုင်လေးရှိပါတယ်။ ထမင်းဆိုင်နာမည်က ပြည့်စုံဆို ပေ မဲ့ ခွက်ယောက်ပုဂံ အစ သားသားနားနားတခုမှမရှိသလို ဟင်းသုံးလေးမျိုးလောက်နဲ့ လဘက်သုတ် ခရမ်း ချဉ်သီးသုတ်လောက်သာရပါတယ်။ ထမင်းရောင်းနေတဲ့ မြနှင်းအေး နဲ့ အကူ မိပုတ် တို့နှစ်ယောက်တည်း ရှိပါတယ် ၊ပြည်စုံထမင်း ဆိုင်ပိုင်ရှင်က မြနှင်းအေးဖြစ်ပြီး မြနှင်းအေးက အသားညိုပါတယ်။အရပ်ရှည် ပြီး သွယ်လှလှ နဲ့ကြည့်ကောင်း ပါတယ်။ချယ်သတာတွေမရှိဖူး၊သနပ်ခါးရည်ကြဲ လောက်သာလူးပါတယ်။ ရန်ကုန်မျက်စေ့နဲ့ကြည်မယ်ဆိုရင် လွမ်းလောက်စရာ အလှတခုမှ မရှိဘူး။ရွှေနံ့သာ မြို့ငယ်လေးရဲ့ကာ လသား တွေမျက်စေ့ မှာတော့စွဲမက်စရာ ဖြစ်နေပါတယ်။
        ရွှေနံ့သာမြို့လေးက ကာလသားတွေကတော့ သည်ပြည့်စုံ ထမင်းဆိုင်ကိုလာပြီး ထမင်း၊လဘက် သုတ်၊ကိုမစားရရင် တနေ့တာ လွန်မြောက်လို့ မရဘူး၊ဗိုက်မဆာလဲ လဘက်သုတ် ခရမ်းချဉ်သီးသုတ် ၀င်စားပြီးမြနှင်းအေး ကိုထိကပါးရိကပါး ပြောရမှ နေသာပါတယ်။မြနှင်းအေးအနေနဲ့လည်း ထိကပါးရိကပါးပြောခံရပါများတော့ နေသားကျနေပါပြီ။ရှက်တာ စိတ်ဆိုးတာ မဖြစ်တော့ ပါ။တရွာလုံး က ကာလသားတွေမက ဦးလေးကြီး ဘဘကြီးတွေကအစ ထိကပါးရိကပါး လုပ်ပြီးပြောနေတော့ စိတ် ဆိုးခြင်းမရှိတော့ပါ။
       ရှက်သွေးဖြာတာ လဲမရှိ၊သမရိုးကျနားထောင်ပြီး နေတတ်တော့ကာလသား ပေါက်စတွေ မှာတဖက် သတ်ပြောနေရတာဖြစ်ပြီး ဘာမှအကြောင်းမထူး တော့ စိတ်ထဲအောင့် သက်သက်ဖြစ်နေကြပါတယ်။ရီစားစကားအတည်ပြောတာတောင် မြနှင်းအေးက ဘာမှမဖြစ်သလို နေတတ်သည်။
       မြနှင်းအေးမှာရီးစားမရှိတော့ တမြို့လုံးက ကာလသားတွေ မြနှင်းအေးဆိုင် ထိုင်ပြီးရီးစားစကား ပြောကြတယ်။မြနှင်းအေး ဘာမှမတုံ့ပြန်တော့ ဘာ သဘောလဲ ကွာ လူကလဲမချော ငွေလဲမချမ်းသာ။ရွာနားမျက်ရွာနွားမစားတာလားဆိုပြီး မခံချင်တဲ့ဒေါသ တွေဝင် လာပါတယ်။ရွှေနံ့သာမြို့လေးက ကာလသားတွေမြနှင်းအေးကို မကျေနပ် တာတော့အမှန်။
       အာကာထက်အောင်က ရွှေနံ့သာမြို့သား ရန်ကုန်မှာ ကျောင်းတက် ရန်ကုန်မှာ ဘွဲ့ယူပြီး ရန်ကုန် မှာ အလုပ်လုပ်ပါတယ်။ရုပ်ရည်က အလွန်လှပခန့်ငြား သပ်ယပ်သူဖြစ်ပါတယ်။ပျိုတိုင်းကြိုက်တဲ့နှင်းဆီ ခိုင်ပါ၊၀ါဝင်းသောအသားရည် မြင့်မားသောအရပ် တို့ကြောင့် စွဲဆောင်မှုအပြည့်ရှိပါတယ်။အာကာအောင် ထက်ရီးစားက လည်းရန်ကုန်မြို့က ပါဝါရှိသောသူဌေးကြီး တစ်ဦးရဲ့သမီးဖြစ်ပါတယ်။ရန်ကုန်မြို့နေရာအနှံ့ဆိုင်ခွဲများစွာ ဖွင့်ထားတဲ့Super Market ပိုင်ရှင်သမီး ဖြစ်ပါတယ်။
        အာကာထက်အောင်ရွှေနံ့သာမြို့လေးကိုပြန်လာလည်ပါတယ်။အာကာထက်အောင်က ရွှေနံ့သာ မြို့လေးက ကာလသားတွေကို မြို့ကသူ့ရီးစား ရွှေဝတ်မှုံအကြောင်း တွေပြောပြတယ်။ရွှေဝတ်မှုံနဲ့လက် ထပ်ပြီးရင် ယောက်ခမ အလိုကျ Singapore မှာကျောင်းတက်ရမယ်။ယောက်ခမစရိတ်နဲ့သွားရမယ် ဆို တာပြောပါတယ်။
       ကာလသားအားလုံးလည်း အာကာထက်အောင်ကိုအားကျ အထင်ကြီးကြပါတယ်။ အာကာထက်အောင်က ရွှေနံ့သာမြို့ရဲ့စူပါစတား ပါ။
       ညနေခင်းရောက်တော့ အာကာထက်အောင်နဲ့ ၀ိုင်းဖြစ်ကြတယ်။ကာလသားတွေ ရင်ဖွင့်ကြတယ်။ မြနှင်းအေးအကြောင်းရောက်သွားတယ်။မြနှင်းအေးကို ရီးစားစကားပြောနိုင်မလား။အဖြေရခဲ့ရင် ကြိုက်ရာကိုပြော ပေးမယ်လို့စိမ်ခေါ်တယ်။ယမကာဝိုင်းမှာ အာကာထက်အောင်လည်းပြန်စိမ်ခေါ်တယ်။ငါမြနှင်းအေးကို ရီးစားစကားပြောမယ်။သူလက်မခံနိုင်ရင် ငါ့ခေါင်းကို ဖြတ်ကွာ။ကာလသားတွေလက်ခုတ်တီးပြီိးအားပေတယ်။
       နောက်တနေ့ ရောက်တော့ ကာလသားတသိုက် နဲ့အာကာအောင်ထက်မြနှင်းအေးဆိုင်ကိုရောက် လာတယ်။ထမင်းမှာသူ လဖက်သုတ်မှာနဲ့ ဆိုင်လည်းစည်ကားသွားတယ်။
    

Monday, February 11, 2013

အဆိပ်ပါသောထမင်း

နတ်သမီး အ.ထ.က မှာ(၈)တန်း တက်နေစဉ် ဆရာမက တစ်ဦးစီထပြီး မိတ်ဆက်ခိုင်းပါသည်။
ကိုယ့်နာမည် နဲ့ အဖေအမေ အလုပ်အကိုင် ပြောရပါတယ်။မေလေးကလည်း သူ့အဖေ အလုပ်အကိုင် ကို ပြောရပါတယ်။စခန်းမှုး လို့ပြောပြပါတယ်။နောက်ရက်တွေမှာ သူ့ကိုရဲသားကြီးကကိုလှရွှေလူဆိုး ဖမ်း
ဘို့စောင့်လို့နေ လို့စကြပါတယ်။ ကိုလှရွှေ လာတ်စားနေသည်လို့ စကြပါတယ်။သူ့သူငယ်ချင်းအိအိ အဖေက အဆိုတော် ဖြစ်ပါတယ်။အိအိကို အားလုံးက နိုင်ငံကျော် အဆိုကျော်လို့နာမည်ပေးပါတယ်။ မေလေးလည်း သူ့ဘ၀ကို စိတ်ညစ်လာတယ်။အဆိုတော် ကကိုယ့် ခွန်ကိုယ့်အား နဲ့လည်ချောင်းကွဲအောင် ရိုးရိုးသားသားရှာဖွေကျွေးတာကိုး။
မေလေးလည်း မုန့်စားတန်းကို မသွားရဲတော့ပါ။ကျောင်းသားများက သူ့ကို ရဲသားကြီးကိုလှရွှေသမီးလို့ ပြောင်ကြလို့ ပါ။တစ်ရက် သူကအိအိကို ရင်ဖွင့်ပါတယ်။ငါ့အဖေ အဆိုတော် လုပ်ရင် ကောင်းမှာ။ငါကိုးတန်းအောင်ရင် ကျောင်းပြောင်းမယ်။အဖိုးအဖွားတွေဆီ သွားနေမယ်လို့ပြော လာတော့နတ်သမီးတို့လည်းစိတ်မကောင်းဖြစ်ရပါတယ်။
(၁၀) တန်းရောက်တော့ မေလေး မပါလာတော့ပါ။နတ်သမီး နဲ့သူငယ်ချင်းအိအိ နှစ်ယောက် ထဲသာ ကျန်ရစ်ခဲ့ပါတယ်။
အဖေဆုံးမခဲ့တဲ့ စကားတွေ နားထဲကြားယောင်ပြီးအဖေ့ကို အရမ်းလေးစားခဲ့ပါတယ်။
သမီးရယ် ကိုယ့်သားသမီးကို အဆိပ်ထမင်း မကျွေးပါနဲ့၊သည်လိုနဲ့ (၁၀) တန်းဖြေခါနီးမှာ တစ်ဦးတည်း သောသမီး မေလေး သေဆုံးခဲ့ပါတယ်။အော်----မေလေး အဆိပ်ပါသော ထမင်းကို စား မိတာလား-----?
ထမင်းစားရင်---အားကိုဖြစ်စေပေမဲ့ အဆိပ်ပါသောထမင်းဖြစ်နေလို့ မေလေး ---သေဆုံးခဲ့တာလား
နတ်သမီးအဖေက နတ်သမီးကို---အဆိပ်ထမင်းများမကျွေးခဲ့တဲ့အတွက် အဖေကို--ထာဝရပေါင်းများ စွာ ကျေးဇူးတင်ပါတယ်၊

နှလုံးသားမှာ သန့်ရှင်းသော သွေးများစီးဆင်းပါစေ

နတ်သမီး ပြောနိုင်တာ တခုရှိပါတယ်။အဖေက ရိုးသားစွာ သန့်ရှင်းစွာရှာထားတဲ့ငွေနဲ့ နတ်သမီးကို ပညာ သင်ပေးခဲ့ပါတယ်။
သန့်ရှင်းသောငွေဖြစ်တာကြောင့် လူ့အသိုင်းအ၀ိုင်း ကနတ်သမီး ကိုလေးစားကြပါတယ်။နတ်သမီးဆရာ ဆရာမ များဆို နတ်သမီးကို အရမ်းချစ်ခင်လေးစာကြပါတယ်။
အဖေ၏ စင်ကြယ်စွာ ရှာဖွေထားသော ငွေများကို ထားရှိခဲ့သဖြင့် လူ့ပတ်ဝန်းကျင်တွင် နတ်သမီး သည် ခေါင်းမော့ ရင်ကော့စွာ ရပ်တည်နေနိုင်ခဲ့ပါသည်။
နတ်သမီးကိုလည်း လူမှုဝန်းကျင်ကရှုံ့ချမှုမရှိသလို အဖေကိုလည်း လူမှုဝန်းကျင်က ရှုံ့ချခြင်းမရှိပါ။နတ် သမီးတို့ရှေတွင် ကွယ်ရာတွင် အပြစ်တင် ရှုံ့ချခြင်းမပြုလုပ်ကြပါ။
နတ်သမီးခနာကိုယ်က သွေးတွေကဖေဖေကျွေးမွေးခဲ့လိုဖြစ်တည်ခဲ့တာပါ။သန့်ရှင်းစင်ကြယ်စွာရှာဖွေ ကျွေး မွေး ခဲ့တဲ့အတွက် နတ်သမီးခနာကိုယ်မှာ စီးဆင်းနေတဲ့သွေးတွေက အရမ်းသန့်ရှင်းပါတယ်။နှလုံးသားကို သန့် ရရှင်းစင်ကြယ်တဲ့ သွေးတွေက ဖြတ်သန်းစီးသွားပါတယ်။ဒါကြောင့် ခံစားရတာ အလွန်အေးမြကြည်လင်ပါ တယ်။သည်အရသာကို ပြန်ပြောရခက်ပါတယ်။လုပ်ကြည့်မှ သိနိုင်မှာ ပါ။ပင်လယ်ပြာအရသာနဲ့မလဲနိုင်သလို ကောင်းကင်ပြာအရသာနဲ့မလဲနိုင်ပါ။
စင်ကြယ်သောသွေးများက ပြည်တန်ပတမြားထက်တန်ဖိုးရှိပါ။
           အဖေ့အလုပ်အကိုင်ဘာလုပ်လဲလို့မေးရင် သူငယ်ချင်းတချို့က အသံတိမ်သွားပြီး မ၀ံ့မရဲနဲ့ ဖြေ နေကြတဲ့အချိန်မှာ နတ်သမီး အဖေက စင်ကြယ်စွာ ရှာဖွေသူဖြစ်နေတော့ ခေါင်းမော့ ရင် ကော့ စွာဖြေနိုင်ပါတယ်။ မတရားယူထားတာ တစ်ပြားမှ မပါလို့လို။အပူစာတွေ တစ်ပြားမှ မပါတာကိုး။အားလုံးသောအဖေတွေထက် နတ်သမီးအဖေတွေက တန်ဖိုးရှိသောဖေဖေပါ။
ပြည်တန်ပတမြားထက်တန်ဖိုးကြီးပါတယ်။

Saturday, February 9, 2013

All Star တော့မဟုတ်ပါ

ကိုယ်က All Star တော့မဟုတ်ပါ။အားနည်းချက်တွေ အများကြီး ရှိပါတယ်။ပညာရေး လူမှုရေးဆက်ဆံ ရေး စီးပွားရေး မှာ အသင့်အတင့်သာရှိပါတယ်။
အပြည့်အ၀ ရှိနေတာကတော့ မိဘရဲ့ ဆုံးမမှုများပါ။သားသမီးကို သန့်ရှင်းစင်ကြယ်သောငွေနဲ့ ကျွေးမွေး ပါ။မသန့်ရှင်းတဲ့ငွေနဲ့ ကျွေးမွေးရင်သားသမီး မျက်နှာငယ်ပါတယ်။ သားသမီးတွေ ငွေချမ်းသာလျက်နဲ့လူ တောထဲ တိုးရဲမှာမဟုတ်ဖူးလို့ပြောပါတယ် ။ငွေ တွေချမ်းသာတာ ဟာ ငွေချမ်းသာတာဘဲရှိပြီး စိတ်ချမ်းသာမှာ မဟုတ်ဖူးလို့ပြောပါတယ် ချမ်းသာခြင်းအစစ်က စိတ်ချမ်းသာခြင်းဖြစ်တယ်လို့ပြောပါတယ်။
စိတ်အေးရတာက ချမ်းသာခြင်း အစစ်အမှန်လို့ပြောပါတယ်။နတ်သမီးတက္က  သိုလ်တက်စဉ်က ကျောင်း သားတယောက်ကို အားလုံးက ဒက်ဒီအားကိုး ခွေးသူခိုးလို့စကြပါတယ်။သူလည်း ကျောင်းမှာ သိပ်မ ပျော်ဖူး။အတန်းချိန်နီး မှလာပြီး အတန်းပြီးတာနဲ့ ချက်ခြင်းအတန်း ထဲကထွက်သွားပါ တယ်။ ကျောင်းမှာ သူမပျော်ပါဖူး။သူ့အဖေရဲ့ အရိပ်မဲ ကသူ့ အထိရောက်လာပါတယ်။ သူကျောင်းမှာ မျက်နှာ ငယ်ရတာ စတာနောက်တာခံရတာ မျက်နှာ မဖေါ်ရဲတာ သူ့အဖေ စီးပွားရေး မူမမှန် လို့ဆိုတာသူသိလာပါတယ်။ သူတခါပြောဖူးတယ်။တက္က သိုလ်တက်ရတာ ငရဲခံရတာလို့ပြောပါ တယ်။ငွေကြောင့် သားသမီးဂုဏ်ပျက်ရပါတယ်။
နတ်သမီး သည်လိုမျိုး တခါမှ အပြောမခံရ လို့နတ်သမီး ဖခင်မိခင် တွေကိုအရမ်းကျေးဇူးတင်ပါတယ်။
သားသမီး နောင်ရေးစဉ်းစားပေးတဲ့မိဘကို ကျေနပ်မိပါတယ်။သီလလုံအောင် နေထိုင်တတ်ဖို့ မြေတောင် မြှောက် ပေးတဲ့
အပေးတဲ့ အဖေနဲ့အမေကို ကျေးဇူးတင်ပါတယ်။သီလကြောင့် ဘ၀မှာ အများကြီး အထောက်အကူ ရခဲ့ပါတယ်။
လောဘဆိုတာ အဆုံးမရှိဖူး။လောဘနောက်မလိုက်နဲ့။မမြဲတဲ့တရားကိုပြောပြပါတယ်။အထက်ကိုရောက် ချင်လို့ သူများကိုနင်းပြီး တက်ဖို့မကြိုးစားဖို့မှာပါတယ်။ ကိုယ်ချမ်းသာဖို့သူများဥစ္စာ ကို မတရားမယူ ဖို့ အဖေကအမြဲပြောပါတယ်။သည်လိုဆုံးမမှုတွေကြောင့် နတ်သမီး သူငယ်ချင်းတွေအလယ်မှာ မျက်နှာပွင့်ပါတယ်။သူငယ်ချင်းတွေကြားမှာ အရမ်းပျော်ပါတယ်။ပွဲတွေတခါလောက်မတက်ရောက်နိုင် တာနဲ့ဖုန်းတွေနဲ့ဝိုင်းဆဲတာခံရပါတယ်။အမေအဖေ ကျေးဇူးတွေပါ။သန့်ရှင်းသောငွေတွေနဲ့ အဖေအမေ ကရှာကျွေးလို့သည်လို လောကထဲမှာ တင့်တယ်ခဲ့တာပါ။
နတ်သမီးအလုပ်တခုအတွက် နေပြည်တော် ဌာနတခုက ဗိုလ်မှုးတစ်ဦးနဲ့ ၀င်တွေ့ခဲ့ပါတယ်။ ရုံးခန်း ပေါက်ဝက စာရေးကို အကျိုးအကြောင်းပြောပြီး ၀င်တွေ့ခွင့်တောင်းတယ်။ စာ ရေးကစိတ်ညစ်ညစ်နဲ့ ပေးဝင်လိုက်တယ်။ဗိုလ်မှုးကနတ်သမီးကိုကူညီပါတယ်။ အလုပ်ပြီးတော့ နောက်တနေ့စည်ပင်ဧည့်ရိပ်သာ နားမှာ ထမင်းစားပါတယ်။
နတ်သမီး အမေက အကျင့်လုပ်ပေးပါထာတာ တခုရှိပါတယ်။မိုးလင်းရင် လူ(သို့) တိရိဆ္စ န်များကို အစား အသောက် ကျွေးမွေးတဲ့အကျင့်ပါ။ဒီတော့ နတ်သမီးလဲ ထမင်းနဲ့ ကြက်အသဲအမြစ် တစ်ပွဲမှာပြီးထမင်းဆိုင်နားက ခွေး လေခွေးလွင့် ကိုကျွေးမွေးလိုက်တယ်။ ပြီးတော့ထမင်းဝိုင်းပြန်လာပြီး ထမင်းစားပါတယ်။ဗိုလ်မှုးက အံ့သြနေပါတယ်။မိဘက လုပ်ပေးခဲ့တဲ့အကျင့်လို့ ဗိုလ်မှုးကိုရှင်းပြလိုက်ပါ တယ်။
ဒီတော့ ဗိုလ်မှုးက ခင်ဗျား ကျွန်တော့ရုံးခန်းလာစဉ်က ခင်ဗျား မလာခင် ကျွန်တော် တပည့်တွေကို ဒေါသထွက်နေတာ။ကျွန်တော်ဒေါသထွက်ရင် အကုန်ငြိမ်နေတယ်။ဒေါသထွက်ရင် အသားတွေကတုန်လာပြီးမျက်နှာနီပါတယ်။နှလုံးလည်းအဆမတန်ခုန်လာပါတယ်။တစ်နာရီလောက် ခံစားရပါတယ်။တခုခုကိုပစ်ပေါက်လိုက်ချင်ပါတယ်။အိမ်မှာလဲသည်လိုဘဲ။ သည်အချိန်မှာ ခင်ဗျားဝင်လာတယ်။ဒေါသထွက်နေတုံး ဧည့် သည်လာရင် ဘုတောလိုက်ပြီး နောက်တနေ့ချိန်းတာ။ ကျွန်တော်စဉ်းစားလို့မရဘူး။ခင်ဗျားကိုကြည့်ပြီး အေးအေးဆေးဆေး လက်ခံစကားပြောပြီး ကူညီမိတယ်။တခုခု ထူးဆန်းတယ်ထင်တာ ခင်ဗျားကလဲ ထူးဆန်းတာ။ခွေးလေခွေးလွင့်မှ ထမင်းကျွေးရတယ်လို့။
ဗိုလ်မှုး ကျမအမေက နံနက် မိုးလင်းရင် လူနဲ့သတ၀ါတွေကို အမြဲလှူခိုင်းတာ။ကိုယ်မစားသောက်ခင် သတ္တ၀ါတွေကိုကျွေးမွေးခိုင်းတာ။ငယ်စဉ်အမေကပေးလိုက်တဲ့ အကျင့်ကောင်းလေးပါ။ကောင်းကျိုးကတော့ မျက်နှာပွင့်တယ်။ချစ်သူပေါတယ်။ကိုယ်ဘယ်အရပ်ရောက်ရောက် သူများနဲ့ယှဉ်ရင် မျက်နှာ မငယ်ဖူးပေါ့။ရေသန့်ရဲ့ အကျိုးကိုယုံရင် ငွေသန့်ရဲ့ အကျိုးကိုလည်းယုံသင့်တာပေါ့ပြောပြလိုက်ပါတယ်။
အဖေကောင်းအမေကောင်းတွေရထားပြီး သန့်ရှင်းတဲ့ငွေတွေနဲ့စားသောက်ရလို့ နတ်သမီး မိကောင်းဖခင်သားသမီးဖြစ်ခဲ့ရပါတယ်။အဖေကောင်း အမေကောင်း ရခဲ့လို့ သည်လိုကောင်းမွန်စွာ နေထိုင်ရတယ်လို့ထင်ပါတယ်။

Wednesday, February 6, 2013

အမေအတွက်

၈-၁-၂၀၁၂ အမေများနေ့
ငါအိုသွားသောအခါ ငါဟာ အရင်က ငါ မဟုတ်တော့ဘူး
ငါ့ကိုနားလည်ပေးပါ။စိတ်ရှည်ရှည် ထားဆက်ဆံပေးပါ။

ချည့်နဲ့နဲ့ လက်တွေ နဲ့ ထမင်းဟင်းတွေ အင်္ကျီလုံချည်ဖိုသီ ဖတ်သီဖြစ်နေတဲ့ အခါ ငါ့ကို မရွံပါနဲ့။ငယ်ငယ် တုံးက ငါသုတ်သင်ပေးခဲ့တာတွေ ကိုကျေးဇူပြုပြီး သတိရပေးပါ။

မလှုပ်ရှားနိုင်လို့ ရေးချိုးဖို့ အကူအညီ လိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့။ငယ်ငယ် တုန်းက ချော့တလှည့် ချောက်တလှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကိုမြင်ယောင်ပေးပါ။

ခွန်အားပါတဲ့ လက်အစုံ နဲ့ ငါ့ကို ကူတွဲပေးပါ။လမ်းလျောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လမ်း လျောက်လေ့ကျင့်ပေးခဲ့တာ တွေကို သတိရပေးပါ။

တစ်နေ့တစ်နေ့ အိုစာသွားတဲ့ ငါ့ကို ကြည့်ပြီး ၀မ်းမနည်းပါနဲ့။နားလည်ပေးပါ။အားပေးပါ။လူ့ဘ၀ တက်လမ်းအတွက် ငါလမ်းညွန်ခဲ့သလို အခုချိန်မှာ ငါ့ ဘ၀ နောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ။ ချစ်ခြင်းအေးမြမှု တွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။

Wednesday, January 23, 2013

အမေ

 အမေ


လူတိုင်းဟာ အမေရှိကြတယ်
မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
အမေဆိုတာတော့ ရှိပါတယ်။
ချစ်သဒါဝေကဲ ပြည့်တန်ဆာ---အမေလည်း---------အမေ
အကြွေးကြွယ်လှတဲ့-----ဈေးသည်အမေလည်း-----အမေ
အကြောင်းတရားအခြေမွဲ----သူတောင်းစားအမေလည်း----အမေ
တကယ်တော့ --အမေဟာ ---အမေပါပဲ

Tuesday, January 22, 2013

မြနန်းနွယ်

Photo

အပိုင်း(၄)
၁၉၅၅ ခုနှစ် ဇန်န၀ါရီလ (ဂ)ရက်နေ့
၁၃၁၆ ခုနှစ်ပြာသိုလပြည့် (စနေ)နေ့
အချိန်အားဖြင့် နံနက် ၄း၁၀ မိနစ်တိတိ
 မြနန်းနွယ်သည် အစိမ်းရောင် ဂျစ်ကားပေါ်တွင် ရှေ့ခန်းမှ လိုက်ပါလာပါသည်။ကားအနောက်ဘက် ခန်းတွင် မိန်းမပျို နှစ်ယောက်ပါသည်။
ထိုမိန်းမပျိုနှစ်ယောက်၏ လက်ထဲတွင် ရတနာမျိုးစုံစီချယ်ထား သော မြတ်စွာဘုရား ရုပ်ပွားတော်တစ်ဆူ နှင့် ကြီးမားကျယ်ပြန့်သော ငွေဖလားနှင့် အပြည့်ထည့်ထားသောစိန်များ ကျောက်မျက်ရတနာ များပါဝင် ပါသည်။
မြနန်းနွယ်နှင့် မိန်းမပျို နှစ်ယောက်သည် မြတ်စွာဘုရား ရုပ်ပွားတော်နှင့် ကျောက်မျက်ရတနာ များကို လုံခြုံရေးဦးမောင်လှအားဗိုလ်တထောင်စေတီတော်မြတ်ကြီး အတွက်ဘက်စုံမွမ်းမံဖို့ လှုဒါန်းပါတယ်လို့ပြော ပါတယ်။
တစ်ဖွဲဖွဲ ကျနေသော နှင်းမြူများအကြား ဂျစ်ကားလေးပြန်ထွက်သွားပါတယ်။




Photo

Photo

Sunday, January 20, 2013

မြနန်းနွယ် ၁၀၆ နှစ်မြောက်မွေးနေ့


Photo


 Photo


Photo 


Photo: အမတော် မြနန်းနွယ် ၁၀၆ နှစ်မြောက် မွေးနေ့


Photo: ၂၀ ၁ ၂၀၁၃ အမတော် မွေးနေ့ 

မြနန်းနွယ် ၁၀၆ နှစ်မြောက်မွေးနေ့ကို ၂၀-၁-၂၀၁၃ နေ့ မှာ ပြုလုပ်ခဲ့ပါတယ်။

























































Wednesday, January 9, 2013

မြနန်းနွယ်

 

အပိုင်း (၃)
မြနန်းနွယ် သည် (၁၉၄၁) ခုနှစ်မိုးကုတ်မှ ထွက်ခွာခဲ့ပြီး ရန်ကုန်မြို့သို့ပြောင်းရွှေ့နေထိုင် ခဲ့သည့် ဆယ့် ငါးနှစ်မျှကာလ အတောအတွင်း သူမ၏ အလှူဒါနများမှာ အံ့မခန်းလောက်အောင်ထူးထူးခြားခြား မှတ် တမ်းတင်နိုင်ခဲ့ပါသည်။မြစိမ်းရောင် မင်းသမီးလေးဟူသော အမည် ဖြင့် မြန်မာနိုင်ငံအတွင်း ရှိသာသနိက အဆောက်အအုံ များနှင့် အထူးသဖြင့် ၊ဗိုလ်တထောင်စေတီ ပြုပြင် မွှမ်းမံ တည်ဆောက် မှုများကို စဉ်ဆက် မပြတ် လှူဒါန်းခဲ့သော ပါရမီရှင်ဖြစ်ပါသည်။
မြနန်းနွယ်သည် မိဘများနှင့်အတူ ငါးထပ်ကြီး အောင်သိဒ္ဓိဘုန်းတော်ကြီး ကျောင်းတွင် ဆွမ်းကပ်လေ့ ရှိသည်။ထိုကျောင်းမှ ၀တ်ဖြူစင်ကြယ်နှင့်ပုဂ္ဂိုလ်ကြီး တစ်ပါးသည် ထူးခြားသော အတတ်ပညာ လေ့လာ တတ်မြောက်သဖြင့် မြနန်းနွယ်အား ဥပဓိရုပ်နှင့် စပ်ဆိုင်သော အင်္ဂ၀ိဇ္ဇာအတတ် ပညာနှင့် အခြားလောကီပညာ အချို့ကို သင်ပေးခဲ့သည်။

Tuesday, January 8, 2013

Botataung Pagoda

အပိုင်း(၂)
၁၉၅၅ ခုနှစ် ဇန်န၀ါရီလ နောက်ပိုင်းတွင် ဗိုလ်တထောင်စေတီတော်၏ ပတ်ဝန်းကျင်တွင် မြနန်းနွယ် ၏ အသွင်ကိုအရိပ်အယောင် မျှပင် မမြင်တွေ့ရ တော့ပါ။

ဦးအောင်ဆုသည် ပဌာန်းဆက်အရ အစ်မတော် မြနန်းနွယ်နှင့်မောင်နှမတော်စပ်ပါသည်။မြနန်းနွယ် သည်တစ်ချိန်က ဗိုလ်တထောင်စေတီတော်သို့ သူမကိုယ်တိုင် လာရောက်ပြီး ဘုရားလှူ ဒါန်းခဲ့ပြီး သာသနာပြု ခဲ့သည့် အကြောင်းကို ဆွေတော်မျိုးတော် သိရှိရန် နှင့် မြနန်းနွယ် နှင့် ဗိုလ်တထောင် စေတီ တော်ပဌာန်းဆက်နွယ် မှုရှိသည်ကို သိရှိစေရန် ဦးအောင်ဆု ကိုယ်တိုင် ဗိသုကာ၊ အင်ဂျင်နီယာ အတတ်ပညာ နှင့်ကိုယ်တိုင်ပုံစံ ထုတ်ကာ ရေးဆွဲပြီး မြနန်းနွယ်ကျောင်းတော်ကြီး တည် ဆောင်ပေးခဲ့ပါသည်။
အလှူရှင်မလေး မြနန်းနွယ် ဆိုသောပါရမီရှင်မလေးအား ဘုရားအလှူဒါယိကာမ အဖြစ် နောင်လာ နောင်သားများ အမှတ်တရ သိရှိစေရန် မြနန်းနွယ်ဘုရားကျောင်တော်ကြီးကို ဦးအောင်ဆု တည်ဆောက်ပေးခဲ့ပါသည်။
ဆရာတော်ကြီးများက ကျောင်းဆောင်အတွင်း မြနန်းနွယ်ရုပ်တု ထားသင့်သည်ဟု မယူဆကြောင်း အမိန့် ရှိခဲ့ပါသည်။မြနန်းနွယ်ရုပ်တုအား ထားရှိခွင့်ရရန် ဦးအောင်ဆု မှ ကြိုးစားခဲ့သဖြင့် နောက် ဆုံးတွင် မြနန်းနွယ်ရုပ်တုသည် ဘုရားကျောင်းတော်ကြီးအတွင်း နေရာချထားနိုင်ခဲ့လေသည်။
မြနန်းနွယ်ဘုရားကျောင်းတော်ကြီး ထဲတွင် မြနန်းနွယ်ရုပ်တုကို သူမလှူဒါန်းထားခဲ့သော ဗုဒ္ဓဆင်းတု တော်ကို ဖူးမျှော် နေဟန် ဖြင့်တည်ထားပေးခဲ့ပါသည်။

Saturday, January 5, 2013

Botataung Pagoda ဗိုလ်တထောင်ဘုရား





Photo













Photo

Photo

အပိုင်း(၁)
ဗိုလ်တထောင် ဘုရားအကြောင်းရေးမည် ဟုဆိုလျှင် မပါမဖြစ်သည်က မြနန်းနွယ်ဘုရားကျောင်းတော် ကြီးဖြစ်ပါသည်။ အစ်မတော် မြနန်းနွယ်က ဘုရားအလှူဒါယိကာမ ကြီးတစ်ဦးဖြစ်ပြီး စေတနာ ဂရုဏာ တို့နှင့်ပြည့်စုံသော ပါရမီရှင် မယ်တော်ကြီးတစ်ပါး ဖြစ်ပါသည်။
သူမ၏ဆွေမျိုးများသည် မိုးကုတ်တွင် ရှိ၏။ မြနန်းနွယ်သည် အိမ်ထောင်မပြုသောကြောင့် သားသမီး အဆက်အနွယ် ပြတ်သွား သော်လည်း သူမ၏ဆွေမျိုးများ ရှိကြ၏။ မြနန်းနွယ်သည် အမှန်တကယ် ရှိခဲ့ သော ပါရမီရှင်ဖြစ်ပါသည်။
မနန်းခမ်းနှင့်မောင်ချမ်းသာတို့သည် မိုးကုတ်တွင် အိမ်ထောင်ကျပြီး (၉)နှစ် အကြာ ၁၉၀၆ခုနှစ် ဒီဇင်ဘာလ (၂၂)ရက် နေ့ ၁၂၆၈ ပြာသိုလဆန်း(၉)ရက် စနေနေ့ နံနက် (၅)နာရီ နေတက် ရေတက် အချိန်တွင် သမီးဦး ရတနာ မွေးခဲ့ရာမနန်းဟု ငယ်နာမည် ပေးခဲ့ပါသည်။
မနန်းကိုယ်ဝန် ရှိစဉ် ကတည်းက မိခင်ဖြစ်သူ မနန်းခမ်းသည် ခြေလေးချောင်း စားချင်စိတ် မရှိဘဲ ဟင်း သီးဟင်ရွက် သစ်သီးဝလံ များကိုသာ စားသုံးလေ့ရှိသည်။သမီးဦး မွေးဖွားသည့် အချိန်မှ စပြီး ကျောက် ကောင်း များထွက်ကာ စီးပွားတက်လာပါသည်။
အိမ်မက်ထဲတွင် သူတော်စင်ကြီး တစ်ပါးက သမီးဦး မွေဖွား သည့်အခါ မြနန်းနွယ် လို့ အ မည်ပေး ပါ။ နောင်တစ်ချိန်တွင် သာသနာ ပြုမည့် သမီးကောင်းဖြစ်လို့ကောင်းစွာ ဂရုစိုက်ပါ လို့ပြော ပါတယ်။
မြနန်းနွယ် (၂)နှစ်သမီးအရွယ် တွင် အခြားကလေးများနှင့် အရောဝင်ကစားလေ့မရှိ။တစ်ဦး တည်းသာ တည်ငြိမ်စွာ နေလေ့ရှိသည်။ခြေလေးချောင်းသားများစားလေ့မရှိပါ။နွားနို့ကိုသာ နှစ်သက်စွာ သောက် လေ့ ရှိသည်။ငါးနှစ်သမီး အရွယ်တွင် ပုတီးစိတ် လေ့ရှိသည်။
မိုးကုတ် မြို့တွင် မြနန်းနွယ်အား ကျောင်းအပ်နှံပြီး မူလတန်းစတင်သင်ကြားခဲ့သည်။ညဏ်ကောင်း သဖြင့် တစ်ခေါက်ဖတ်ရုံဖြင့် အလွတ်ရမှတ်မိသည်။ မြနန်းနွယ်၏ အသံလေးသည် ကြည်လင် သာယာ ပြီး ဂရုဏာ သံ ပါသည်ဟု အများကသတ်မှတ်သည်။မိုးကုတ်မြို့တွင် အထက်တန်း ပညာ ကိုအောင် မြင်ခဲ့သည်။
အသက် (၁၅) နှစ် အရွယ်တွင်တက္ကသိုလ် ပညာဆည်းပူးရန် India သို့သွားခဲ့ပါသည်။ အထိန်းတော်ကြီး နန်းစောလည်း လိုက်ပါသွားသည်။ ၁၉၂၆ ခုနှစ်တွင် မြနန်းနွယ်သည် India မှဝိဇ္ဇာ ဘွဲ့ကို ရခဲ့ပါသည်။အသက်(၂၀) တွင် မိုးကုတ်ကိုပြန်လည် ရောက်ရှိခဲ့ပါသည်။မိုးကုတ် မြို့ ရှိ သူဌေး၊သူကြွယ် ၀န်ထောက်စသော လူကုန်တန် အသိုင်းအ၀န်း တွင် ရေပန်း အစားဆုံး ဖြစ်ပါ သည်။ သို့ရာတွင် မြနန်းနွယ် က အိမ်ထောင်ရေး စိတ်မ၀င်စားခဲ့ပါ။မျက်လုံး လက်လက် ၊မျက်ခုံး နက်နက် ရွှေဝါရောင် အသားအရည် မှာ သန့်စင်ကြည်လင်နေပါသည်။အရပ် ငါးပေ သုံးလက်မ ခန့်ရှိပြီး မဟာဆန်ဆန် လှပသူတစ်ဦးဖြစ်ပါသည်။အထူးသဖြင့် မြနန်းနွယ်သည် မြစိမ်းရောင် အထက်အောက် ဆင်တူ ၀တ်စား ဆင်ယင်လေ့ရှိသည်။
၁၉၄၁ ခုနှစ်တွင် မြနန်းနွယ်အသက် (၃၅)နှစ်ပြည့် ခဲ့ပါသည်။သို့ရာတွင် အသက်(၂၅)နှစ် ထက် မပို ဟု ထင်ရသည်။ မြနန်းနွယ်အိမ်မက်ထဲတွင်အဖိုးအိုက  သမီးလေး သာသနာပြုဖို့ အချိန်တန်ပြီ၊ ကြီးကြီးကျယ်ကျယ် လှူဒါန်းနိုင်ဖို့အတွက် ရန်ကုန်ကို အပြီးပြောင်းရွှေ့ပါလို့ ပြောလာပါတယ်။
မြနန်းနွယ်သည် မိဘနှစ်ပါးဖြစ်ကြသော ဦးချမ်းသာ ဒေါ်နန်းခမ်း အထိန်းတော် နန်းစော၊ ဦးလေးဦးကံသာ တို့နှင့်အတူ ရန်ကုန်သို့ပြောင်းလာပါသည်။ဗိုလ်တထောင်ဘုရားလမ်း ရှိစာတိုက်နှစ်ကပ်လျက်ရှိသော အိမ်တအိမ်ကို ၀ယ်ယူလိုက်ပါသည်။
ဦးလေးဖြစ်သူ ဦးကံသာ သည် မြနန်းနွယ်အား တရုပ်ရှေးဟောင်းရိုးရာ ဖြစ်သော လက်ဆစ်ချိုးပညာ၊ စိတ်ဝိညာဉ်လွင့်သောပညာ တို့ကို သင်ပေးခဲ့ပါသည်။ မြနန်းနွယ်သည် ညနေလေးနာရီတိုင်း ဗိုလ်တထောင် စေတီမြတ် သို့ ကိုယ်ပိုင် ရထားလုံးကြီးစီးပြီး နေ့စဉ်အချိန်မှန်သွားပါသည်။ မြနန်းနွယ် သည် မြန်မာပြည် တ၀ှမ်းရှိ ဘုရားပုထိုး စေတီတော်များကိုပြုပြင်ခဲ့ပါသည်။
အထူးသဖြင့် မြနန်းနွယ်ဟူသော အမည်ရင်းထက် မြစိမ်းရောင်မင်းသမီး ဟု အသိအမှတ်ပြုကြ ပါသည်။ မြနန်းနွယ်သည် ဗိုလ်တထောင် စေတီတော်မြတ်ကြီး တွင် မြနန်းနွယ်အမည် ဖြင့်အမြဲမပြတ် သာသနာပြု လှူဒါန်းပူဇော် ရာတွင် ဘ၀အဆက်ဆက်က တော်စပ်ခဲ့ကြသော ဆွေတော်မျိုးတော် တို့နှင့်အတူ ပျော်ရွင် ချမ်းမြေ့ သာယာစွာဆောင်ရွက်နိုင်ပါလို၏ လို့ အဓိဌာန်ပြုခဲ့သည်။
(၁၉၅၅) ခုနှစ် ဇန်န၀ါရီလ (၈) ရက် (၁၃၁၆) ခုနှစ် ပြာသိုလပြည့် (စနေနေ့) ၊အချိန် နံနက် ၄ နာရီ တွင် မြနန်းနွယ်သည် မိမိပိုင်ဆိုင်သော ကျောက်မျက်ရတနာမျိုးစုံကို ငွေဖလားဖြင့်ထည့် ပြီး ရတနာ စီ ချယ်ထားသော ရုပ်ပွားတော်နှင့်အတူ ဗိုလ်တထောင်စေတီတော်မြတ် ကြီးဘက်စုံမွမ်းမံဖို့ လှူဒါန်းပါ သည်။ မြနန်းနွယ်သည် ဦးလေး ဦးကံသာ သင်ကြားပေးထားသဖြင့် တတ်မြောက် ထားသော တရုပ် လောကီ ပညာ ရှင် ကျန်းမိန်၏ အတတ်ပညာ များထဲမှ အသက် ပိုင်းဆိုင်ရာ နည်းလမ်းတခု ကို တွေးမိသည်။ မြနန်းနွယ်ကိုယ်တိုင်ပင် လွန်ခဲ့သော သုံးရက် ကသူမကိုယ်တိုင် တွက်ချက်ထား ပြီး ဖြစ်ပါသည်။ထို့ကြောင့် သာသနိက အဆောက်အအုံများ အတွက် တည်ဆောက်ရာတွင် အသုံးပြုရန် သာသနာ့ ဒါယိကာမ တစ်ယောက်အဖြစ် ထူခြားရက်ရောစွာ လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။
မြနန်းနွယ်သည် ဘီစကစ်နှင့် လက်ဖက်ရည်ကို မြိန်ယှက်စွာ စားသောက်လိုက်ပါသည်။သူမသည် အစား အစာကို အစာအိမ်ထဲ ပြည့်သွားသည်အထိ စားသောက်လေ့မရှိပါ။ အာသာပြေရန်သုံးဆောင် လေ့ရှိသည်။
ဦးကံသာလည်းတွက် ချက်ပြီးသူဖြစ်နေရာ ဆို့နှစ်ကြေကွဲစွာဖြင့် အသက် (၅၁)နှစ်ဆိုတော့ သမီးမှာ အချိန်သိပ်မကျန်တော့ဘူးလို့ပြောလိုက်ပါသည်။နောင်ဘ၀ ဆက်တိုင်းသမီး အရာရာ တောင့် တ တိုင်း  ပြည်စုံနိုင်ပါစေကွယ်လို့ပြောပါတယ်။
မြနန်းနွယ်ဒေါသဖြစ်ခြင်း လောဘကြီးခြင်းကို ဦးကံသာမမြင်ဘူးပါ။ မြနန်းနွယ်က သမီးရဲ့ နောက် ဆုံး လိုအင်ဖြစ်သောဗုဒ္ဓဂယာသို့ (၂ရ) ရက်ခရီးသွားခဲ့ပါတယ်။
အိမ်သို့ပြန်ရောက်လာကတည်း က အဆက်မပြတ် ချောင်းဆိုးခဲ့ပါသည်။ချောင်းဆိုးလွန်းသောကြောင့် အအိပ်ပျက်လာပါသည်။စားသမျှလည်း ခံတွင်း မတွေ့အဟာရ မဖြစ်ခဲ့ပါ။ပန်းနာ ဝေဒနာ ဖိစီးလာပါသည်။
မြနန်းနွယ်သည် (၁၉၅၆) ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ် တွင်သမီး မိုးကုတ် ပြန်ချင်ပြီ ဟုပြောပါသည်။ သမီးရဲ့ နောက်ဆုံး ထွက်သက်ဟာ ပထမဆုံးဝင်သက် ရှိတဲ့နေရာပဲဖြစ်ချင်တယ်။
(၁၉၅၆) ခုနှစ် ဒီဇင်ဘာလထဲတွင် မိုးကုတ်သို့ ပြန်ခဲ့ပါသည်။ မြနန်းနွယ်၏ ရောဂါ အခြေအနေ မှာ တိုး တက်ကောင်းမွန်လာခြင်းမရှိပါ။ပိုမိုဆိုးရွားလာပါသည်။အမောစိတ်လာပါသည်။
မိုးကုတ်သို့ ပြန်ရောက်ပြီး (၁၉၅၇)ခုနှစ် ဖေဖေါ်ဝါရီလတွင် ဝေဒနာခံစားနေရသော ဘ၀မှ အပြီးတိုင် လွတ်မြောက်ပြီး ကောင်းရာသုဂတိ ဘုံဌာန သို့ ရောက်သွားပါသည်။ထိုအချိန်တွင် မြနန်းနွယ်၏ အသက် မှာ (၅၁)နှစ် ခန့်ရှိခဲ့ပါသည်။မိုးကုတ်သို့ရောက်ပြီး ပန်းနာ ရင်ကြပ် ရောဂါဝေဒနာဖြင့်ကွယ်လွန် သွားခဲ့ပါသည်။