Monday, February 11, 2013

နှလုံးသားမှာ သန့်ရှင်းသော သွေးများစီးဆင်းပါစေ

နတ်သမီး ပြောနိုင်တာ တခုရှိပါတယ်။အဖေက ရိုးသားစွာ သန့်ရှင်းစွာရှာထားတဲ့ငွေနဲ့ နတ်သမီးကို ပညာ သင်ပေးခဲ့ပါတယ်။
သန့်ရှင်းသောငွေဖြစ်တာကြောင့် လူ့အသိုင်းအ၀ိုင်း ကနတ်သမီး ကိုလေးစားကြပါတယ်။နတ်သမီးဆရာ ဆရာမ များဆို နတ်သမီးကို အရမ်းချစ်ခင်လေးစာကြပါတယ်။
အဖေ၏ စင်ကြယ်စွာ ရှာဖွေထားသော ငွေများကို ထားရှိခဲ့သဖြင့် လူ့ပတ်ဝန်းကျင်တွင် နတ်သမီး သည် ခေါင်းမော့ ရင်ကော့စွာ ရပ်တည်နေနိုင်ခဲ့ပါသည်။
နတ်သမီးကိုလည်း လူမှုဝန်းကျင်ကရှုံ့ချမှုမရှိသလို အဖေကိုလည်း လူမှုဝန်းကျင်က ရှုံ့ချခြင်းမရှိပါ။နတ် သမီးတို့ရှေတွင် ကွယ်ရာတွင် အပြစ်တင် ရှုံ့ချခြင်းမပြုလုပ်ကြပါ။
နတ်သမီးခနာကိုယ်က သွေးတွေကဖေဖေကျွေးမွေးခဲ့လိုဖြစ်တည်ခဲ့တာပါ။သန့်ရှင်းစင်ကြယ်စွာရှာဖွေ ကျွေး မွေး ခဲ့တဲ့အတွက် နတ်သမီးခနာကိုယ်မှာ စီးဆင်းနေတဲ့သွေးတွေက အရမ်းသန့်ရှင်းပါတယ်။နှလုံးသားကို သန့် ရရှင်းစင်ကြယ်တဲ့ သွေးတွေက ဖြတ်သန်းစီးသွားပါတယ်။ဒါကြောင့် ခံစားရတာ အလွန်အေးမြကြည်လင်ပါ တယ်။သည်အရသာကို ပြန်ပြောရခက်ပါတယ်။လုပ်ကြည့်မှ သိနိုင်မှာ ပါ။ပင်လယ်ပြာအရသာနဲ့မလဲနိုင်သလို ကောင်းကင်ပြာအရသာနဲ့မလဲနိုင်ပါ။
စင်ကြယ်သောသွေးများက ပြည်တန်ပတမြားထက်တန်ဖိုးရှိပါ။
           အဖေ့အလုပ်အကိုင်ဘာလုပ်လဲလို့မေးရင် သူငယ်ချင်းတချို့က အသံတိမ်သွားပြီး မ၀ံ့မရဲနဲ့ ဖြေ နေကြတဲ့အချိန်မှာ နတ်သမီး အဖေက စင်ကြယ်စွာ ရှာဖွေသူဖြစ်နေတော့ ခေါင်းမော့ ရင် ကော့ စွာဖြေနိုင်ပါတယ်။ မတရားယူထားတာ တစ်ပြားမှ မပါလို့လို။အပူစာတွေ တစ်ပြားမှ မပါတာကိုး။အားလုံးသောအဖေတွေထက် နတ်သမီးအဖေတွေက တန်ဖိုးရှိသောဖေဖေပါ။
ပြည်တန်ပတမြားထက်တန်ဖိုးကြီးပါတယ်။

No comments:

Post a Comment