ကိုယ်က All Star တော့မဟုတ်ပါ။အားနည်းချက်တွေ အများကြီး ရှိပါတယ်။ပညာရေး လူမှုရေးဆက်ဆံ ရေး စီးပွားရေး မှာ အသင့်အတင့်သာရှိပါတယ်။
အပြည့်အဝ
ရှိနေတာကတော့ မိဘရဲ့ ဆုံးမမှုများပါ။သားသမီးကို သန့်ရှင်းစင်ကြယ်သောငွေနဲ့
ကျွေးမွေး ပါ။မသန့်ရှင်းတဲ့ငွေနဲ့ ကျွေးမွေးရင်သားသမီး မျက်နှာငယ်ပါတယ်။
သားသမီးတွေ ငွေချမ်းသာလျက်နဲ့လူ တောထဲ တိုးရဲမှာမဟုတ်ဖူးလို့ပြောပါတယ် ။ငွေ
တွေချမ်းသာတာ ဟာ ငွေချမ်းသာတာဘဲရှိပြီး စိတ်ချမ်းသာမှာ
မဟုတ်ဖူးလို့ပြောပါတယ် ချမ်းသာခြင်းအစစ်က
စိတ်ချမ်းသာခြင်းဖြစ်တယ်လို့ပြောပါတယ်။
စိတ်အေးရတာက ချမ်းသာခြင်း အစစ်အမှန်လို့ပြောပါတယ်။နတ်သမီးတက္က
သိုလ်တက်စဉ်က ကျောင်း သားတယောက်ကို အားလုံးက ဒက်ဒီအားကိုး
ခွေးသူခိုးလို့စကြပါတယ်။သူလည်း ကျောင်းမှာ သိပ်မ ပျော်ဖူး။အတန်းချိန်နီး
မှလာပြီး အတန်းပြီးတာနဲ့ ချက်ခြင်းအတန်း ထဲကထွက်သွားပါ တယ်။ ကျောင်းမှာ
သူမပျော်ပါဖူး။သူ့အဖေရဲ့ အရိပ်မဲ ကသူ့ အထိရောက်လာပါတယ်။ သူကျောင်းမှာ
မျက်နှာ ငယ်ရတာ စတာနောက်တာခံရတာ မျက်နှာ မဖေါ်ရဲတာ သူ့အဖေ စီးပွားရေး
မူမမှန် လို့ဆိုတာသူသိလာပါတယ်။ သူတခါပြောဖူးတယ်။တက္က သိုလ်တက်ရတာ ငရဲခံရတာလို့ပြောပါ တယ်။ငွေကြောင့် သားသမီးဂုဏ်ပျက်ရပါတယ်။
နတ်သမီး သည်လိုမျိုး တခါမှ အပြောမခံရ လို့နတ်သမီး ဖခင်မိခင် တွေကိုအရမ်းကျေးဇူးတင်ပါတယ်။
သားသမီး နောင်ရေးစဉ်းစားပေးတဲ့မိဘကို ကျေနပ်မိပါတယ်။သီလလုံအောင် နေထိုင်တတ်ဖို့ မြေတောင် မြှောက် ပေးတဲ့
အပေးတဲ့ အဖေနဲ့အမေကို ကျေးဇူးတင်ပါတယ်။သီလကြောင့် ဘ၀မှာ အများကြီး အထောက်အကူ ရခဲ့ပါတယ်။
လောဘဆိုတာ
အဆုံးမရှိဖူး။လောဘနောက်မလိုက်နဲ့။မမြဲတဲ့တရားကိုပြောပြပါတယ်။အထက်ကိုရောက်
ချင်လို့ သူများကိုနင်းပြီး တက်ဖို့မကြိုးစားဖို့မှာပါတယ်။
ကိုယ်ချမ်းသာဖို့သူများဥစ္စာ ကို မတရားမယူ ဖို့
အဖေကအမြဲပြောပါတယ်။သည်လိုဆုံးမမှုတွေကြောင့် နတ်သမီး သူငယ်ချင်းတွေအလယ်မှာ
မျက်နှာပွင့်ပါတယ်။သူငယ်ချင်းတွေကြားမှာ
အရမ်းပျော်ပါတယ်။ပွဲတွေတခါလောက်မတက်ရောက်နိုင်
တာနဲ့ဖုန်းတွေနဲ့ဝိုင်းဆဲတာခံရပါတယ်။အမေအဖေ
ကျေးဇူးတွေပါ။သန့်ရှင်းသောငွေတွေနဲ့ အဖေအမေ ကရှာကျွေးလို့သည်လို လောကထဲမှာ
တင့်တယ်ခဲ့တာပါ။
နတ်သမီးအလုပ်တခုအတွက် နေပြည်တော် ဌာနတခုက
ဗိုလ်မှုးတစ်ဦးနဲ့ ၀င်တွေ့ခဲ့ပါတယ်။ ရုံးခန်း ပေါက်ဝက စာရေးကို
အကျိုးအကြောင်းပြောပြီး ၀င်တွေ့ခွင့်တောင်းတယ်။ စာ ရေးကစိတ်ညစ်ညစ်နဲ့
ပေးဝင်လိုက်တယ်။ဗိုလ်မှုးကနတ်သမီးကိုကူညီပါတယ်။ အလုပ်ပြီးတော့
နောက်တနေ့စည်ပင်ဧည့်ရိပ်သာ နားမှာ ထမင်းစားပါတယ်။
နတ်သမီး အမေက အကျင့်လုပ်ပေးပါထာတာ တခုရှိပါတယ်။မိုးလင်းရင် လူ(သို့) တိရိဆ္စ
န်များကို အစား အသောက် ကျွေးမွေးတဲ့အကျင့်ပါ။ဒီတော့ နတ်သမီးလဲ ထမင်းနဲ့
ကြက်အသဲအမြစ် တစ်ပွဲမှာပြီးထမင်းဆိုင်နားက ခွေး လေခွေးလွင့်
ကိုကျွေးမွေးလိုက်တယ်။ ပြီးတော့ထမင်းဝိုင်းပြန်လာပြီး ထမင်းစားပါတယ်။ဗိုလ်မှုးက အံ့သြနေပါတယ်။မိဘက လုပ်ပေးခဲ့တဲ့အကျင့်လို့ ဗိုလ်မှုးကိုရှင်းပြလိုက်ပါ တယ်။
ဒီတော့
ဗိုလ်မှုးက ခင်ဗျား ကျွန်တော့ရုံးခန်းလာစဉ်က ခင်ဗျား မလာခင် ကျွန်တော်
တပည့်တွေကို ဒေါသထွက်နေတာ။ကျွန်တော်ဒေါသထွက်ရင်
အကုန်ငြိမ်နေတယ်။ဒေါသထွက်ရင်
အသားတွေကတုန်လာပြီးမျက်နှာနီပါတယ်။နှလုံးလည်းအဆမတန်ခုန်လာပါတယ်။တစ်နာရီလောက်
ခံစားရပါတယ်။တခုခုကိုပစ်ပေါက်လိုက်ချင်ပါတယ်။အိမ်မှာလဲသည်လိုဘဲ။
သည်အချိန်မှာ ခင်ဗျားဝင်လာတယ်။ဒေါသထွက်နေတုံး ဧည့် သည်လာရင် ဘုတောလိုက်ပြီး
နောက်တနေ့ချိန်းတာ။ ကျွန်တော်စဉ်းစားလို့မရဘူး။ခင်ဗျားကိုကြည့်ပြီး
အေးအေးဆေးဆေး လက်ခံစကားပြောပြီး ကူညီမိတယ်။တခုခု ထူးဆန်းတယ်ထင်တာ
ခင်ဗျားကလဲ ထူးဆန်းတာ။ခွေးလေခွေးလွင့်မှ ထမင်းကျွေးရတယ်လို့။
ဗိုလ်မှုး ကျမအမေက နံနက် မိုးလင်းရင် လူနဲ့သတ၀ါတွေကို အမြဲလှူခိုင်းတာ။ကိုယ်မစားသောက်ခင် သတ္တ၀ါတွေကိုကျွေးမွေးခိုင်းတာ။ငယ်စဉ်အမေကပေးလိုက်တဲ့
အကျင့်ကောင်းလေးပါ။ကောင်းကျိုးကတော့
မျက်နှာပွင့်တယ်။ချစ်သူပေါတယ်။ကိုယ်ဘယ်အရပ်ရောက်ရောက် သူများနဲ့ယှဉ်ရင်
မျက်နှာ မငယ်ဖူးပေါ့။ရေသန့်ရဲ့ အကျိုးကိုယုံရင် ငွေသန့်ရဲ့
အကျိုးကိုလည်းယုံသင့်တာပေါ့ပြောပြလိုက်ပါတယ်။
အဖေကောင်းအမေကောင်းတွေရထားပြီး
သန့်ရှင်းတဲ့ငွေတွေနဲ့စားသောက်ရလို့ နတ်သမီး
မိကောင်းဖခင်သားသမီးဖြစ်ခဲ့ရပါတယ်။အဖေကောင်း အမေကောင်း ရခဲ့လို့
သည်လိုကောင်းမွန်စွာ နေထိုင်ရတယ်လို့ထင်ပါတယ်။
No comments:
Post a Comment