နတ်သမီး အ.ထ.က မှာ(၈)တန်း တက်နေစဉ် ဆရာမက တစ်ဦးစီထပြီး မိတ်ဆက်ခိုင်းပါသည်။
ကိုယ့်နာမည်
နဲ့ အဖေအမေ အလုပ်အကိုင် ပြောရပါတယ်။မေလေးကလည်း သူ့အဖေ အလုပ်အကိုင် ကို
ပြောရပါတယ်။စခန်းမှုး လို့ပြောပြပါတယ်။နောက်ရက်တွေမှာ
သူ့ကိုရဲသားကြီးကကိုလှရွှေလူဆိုး ဖမ်း
ဘို့စောင့်လို့နေ လို့စကြပါတယ်။
ကိုလှရွှေ လာတ်စားနေသည်လို့ စကြပါတယ်။သူ့သူငယ်ချင်းအိအိ အဖေက အဆိုတော်
ဖြစ်ပါတယ်။အိအိကို အားလုံးက နိုင်ငံကျော် အဆိုကျော်လို့နာမည်ပေးပါတယ်။
မေလေးလည်း သူ့ဘ၀ကို စိတ်ညစ်လာတယ်။အဆိုတော် ကကိုယ့် ခွန်ကိုယ့်အား
နဲ့လည်ချောင်းကွဲအောင် ရိုးရိုးသားသားရှာဖွေကျွေးတာကိုး။
မေလေးလည်း
မုန့်စားတန်းကို မသွားရဲတော့ပါ။ကျောင်းသားများက သူ့ကို
ရဲသားကြီးကိုလှရွှေသမီးလို့ ပြောင်ကြလို့ ပါ။တစ်ရက် သူကအိအိကို
ရင်ဖွင့်ပါတယ်။ငါ့အဖေ အဆိုတော် လုပ်ရင် ကောင်းမှာ။ငါကိုးတန်းအောင်ရင်
ကျောင်းပြောင်းမယ်။အဖိုးအဖွားတွေဆီ သွားနေမယ်လို့ပြော
လာတော့နတ်သမီးတို့လည်းစိတ်မကောင်းဖြစ်ရပါတယ်။
(၁၀) တန်းရောက်တော့ မေလေး မပါလာတော့ပါ။နတ်သမီး နဲ့သူငယ်ချင်းအိအိ နှစ်ယောက် ထဲသာ ကျန်ရစ်ခဲ့ပါတယ်။
အဖေဆုံးမခဲ့တဲ့ စကားတွေ နားထဲကြားယောင်ပြီးအဖေ့ကို အရမ်းလေးစားခဲ့ပါတယ်။
သမီးရယ်
ကိုယ့်သားသမီးကို အဆိပ်ထမင်း မကျွေးပါနဲ့၊သည်လိုနဲ့ (၁၀) တန်းဖြေခါနီးမှာ
တစ်ဦးတည်း သောသမီး မေလေး သေဆုံးခဲ့ပါတယ်။အော်----မေလေး အဆိပ်ပါသော
ထမင်းကို စား မိတာလား-----?
ထမင်းစားရင်---အားကိုဖြစ်စေပေမဲ့ အဆိပ်ပါသောထမင်းဖြစ်နေလို့ မေလေး ---သေဆုံးခဲ့တာလား
နတ်သမီးအဖေက နတ်သမီးကို---အဆိပ်ထမင်းများမကျွေးခဲ့တဲ့အတွက် အဖေကို--ထာဝရပေါင်းများ စွာ ကျေးဇူးတင်ပါတယ်၊
No comments:
Post a Comment