ရွှေဝတ်မှုံ အရာရာကို အချိန်တိုင်း အနိုင်ရလာပေမဲ့ သည်တစ်ပွဲမှာ
နားမလည်စွာနဲ့ အရှုံးပေး ခဲ့ရ တယ်။ ရွှေဝတ်မှုံက ရန်ကုန်မြို့
အတွင်းသူပိုင်ဆိုင်တဲ့ Super Market ဆိုင်ခွဲပေါင်းများစွာ ကိုရင်ကော့ မော့
ပြီးစစ်ဆေးနေချိန်မှာ အရောင်စာရေးမပေါင်းများစွာက ခေါင်းငုံ့
ဦးညွှတ်ခဲ့ပါတယ်
ငါဆိုတဲ့ ရွှေဝတ်မှုံတစ်ဦးတည်း
ထိခိုက်ခံစားရပြီး မြနှင်းအေး ဘာမှ မခံစားရပါလား။မြနှင်းအေး အပြုံးကို
ရွှေဝတ်မှုံသိတယ်။ပိုင်ရှင်ဆီကို ပြန်အပ်လိုက်တဲ့ အပြုံးမျိုး၊မြနှင်းအေးက
အာကာကို မချစ်ဖူး၊အာကာက မြနှင်းအေးကိုချစ်နေတယ်၊အာကာ အကြောင်း ရွှေဝတ်မှုံ
အသိဆုံးပါ၊ငါသေအောင် မုန်းတယ်၊မြနှင်းအေးကိုပြောတာ၊
ငါဖုန်းချလိုက်တော့မယ်။
ရွှေဝတ်မှုံဘ၀ ဘာဖြစ်သွားလဲ။
ရွှေဝတ်မှုံ ကငါပိုင်ဆိုပြီး၊အော်နေတာ၊မြနှင်းအေးက ပိုင်ရှင်တွေ့ ပြီ
ဆိုပြီးအေးဆေးစွာပြန်ပေးနိုင်ရတာလဲ၊မြနှင်းအေးလောဘမရှိဖူးလား။
ရွှေနံ့သာမြို့လေးဟာ
ရန်ကုန်မြို့နဲ့မိုင်ပေါင်းများစွာ
ဝေးတဲ့မြို့လေးဖြစ်ပါတယ်။ရွှေနံ့သာမြို့ငယ်လေး ထဲမှာ ပရိဘောဂ အဲကွန်း
ဘာမှမပြည့်စုံတဲ့ ပြည့်စုံထမင်းဆိုင်လေးရှိပါတယ်။ ထမင်းဆိုင်နာမည်က
ပြည့်စုံဆို ပေ မဲ့ ခွက်ယောက်ပုဂံ အစ သားသားနားနားတခုမှမရှိသလို
ဟင်းသုံးလေးမျိုးလောက်နဲ့ လဘက်သုတ် ခရမ်း ချဉ်သီးသုတ်လောက်သာရပါတယ်။
ထမင်းရောင်းနေတဲ့ မြနှင်းအေး နဲ့ အကူ မိပုတ် တို့နှစ်ယောက်တည်း ရှိပါတယ်
၊ပြည်စုံထမင်း ဆိုင်ပိုင်ရှင်က မြနှင်းအေးဖြစ်ပြီး မြနှင်းအေးက
အသားညိုပါတယ်။အရပ်ရှည် ပြီး သွယ်လှလှ နဲ့ကြည့်ကောင်း
ပါတယ်။ချယ်သတာတွေမရှိဖူး၊သနပ်ခါးရည်ကြဲ လောက်သာလူးပါတယ်။
ရန်ကုန်မျက်စေ့နဲ့ကြည်မယ်ဆိုရင် လွမ်းလောက်စရာ အလှတခုမှ မရှိဘူး။ရွှေနံ့သာ
မြို့ငယ်လေးရဲ့ကာ လသား တွေမျက်စေ့ မှာတော့စွဲမက်စရာ ဖြစ်နေပါတယ်။
ရွှေနံ့သာမြို့လေးက ကာလသားတွေကတော့ သည်ပြည့်စုံ ထမင်းဆိုင်ကိုလာပြီး
ထမင်း၊လဘက် သုတ်၊ကိုမစားရရင် တနေ့တာ လွန်မြောက်လို့ မရဘူး၊ဗိုက်မဆာလဲ
လဘက်သုတ် ခရမ်းချဉ်သီးသုတ် ၀င်စားပြီးမြနှင်းအေး ကိုထိကပါးရိကပါး ပြောရမှ
နေသာပါတယ်။မြနှင်းအေးအနေနဲ့လည်း ထိကပါးရိကပါးပြောခံရပါများတော့
နေသားကျနေပါပြီ။ရှက်တာ စိတ်ဆိုးတာ မဖြစ်တော့ ပါ။တရွာလုံး က ကာလသားတွေမက
ဦးလေးကြီး ဘဘကြီးတွေကအစ ထိကပါးရိကပါး လုပ်ပြီးပြောနေတော့ စိတ်
ဆိုးခြင်းမရှိတော့ပါ။
ရှက်သွေးဖြာတာ
လဲမရှိ၊သမရိုးကျနားထောင်ပြီး နေတတ်တော့ကာလသား ပေါက်စတွေ မှာတဖက်
သတ်ပြောနေရတာဖြစ်ပြီး ဘာမှအကြောင်းမထူး တော့ စိတ်ထဲအောင့်
သက်သက်ဖြစ်နေကြပါတယ်။ရီစားစကားအတည်ပြောတာတောင် မြနှင်းအေးက ဘာမှမဖြစ်သလို
နေတတ်သည်။
မြနှင်းအေးမှာရီးစားမရှိတော့ တမြို့လုံးက ကာလသားတွေ
မြနှင်းအေးဆိုင် ထိုင်ပြီးရီးစားစကား ပြောကြတယ်။မြနှင်းအေး
ဘာမှမတုံ့ပြန်တော့ ဘာ သဘောလဲ ကွာ လူကလဲမချော
ငွေလဲမချမ်းသာ။ရွာနားမျက်ရွာနွားမစားတာလားဆိုပြီး မခံချင်တဲ့ဒေါသ တွေဝင်
လာပါတယ်။ရွှေနံ့သာမြို့လေးက ကာလသားတွေမြနှင်းအေးကို မကျေနပ် တာတော့အမှန်။
အာကာထက်အောင်က ရွှေနံ့သာမြို့သား ရန်ကုန်မှာ ကျောင်းတက် ရန်ကုန်မှာ
ဘွဲ့ယူပြီး ရန်ကုန် မှာ အလုပ်လုပ်ပါတယ်။ရုပ်ရည်က အလွန်လှပခန့်ငြား
သပ်ယပ်သူဖြစ်ပါတယ်။ပျိုတိုင်းကြိုက်တဲ့နှင်းဆီ ခိုင်ပါ၊၀ါဝင်းသောအသားရည်
မြင့်မားသောအရပ် တို့ကြောင့် စွဲဆောင်မှုအပြည့်ရှိပါတယ်။အာကာအောင်
ထက်ရီးစားက လည်းရန်ကုန်မြို့က ပါဝါရှိသောသူဌေးကြီး
တစ်ဦးရဲ့သမီးဖြစ်ပါတယ်။ရန်ကုန်မြို့နေရာအနှံ့ဆိုင်ခွဲများစွာ
ဖွင့်ထားတဲ့Super Market ပိုင်ရှင်သမီး ဖြစ်ပါတယ်။
အာကာထက်အောင်ရွှေနံ့သာမြို့လေးကိုပြန်လာလည်ပါတယ်။အာကာထက်အောင်က ရွှေနံ့သာ
မြို့လေးက ကာလသားတွေကို မြို့ကသူ့ရီးစား ရွှေဝတ်မှုံအကြောင်း
တွေပြောပြတယ်။ရွှေဝတ်မှုံနဲ့လက် ထပ်ပြီးရင် ယောက်ခမ အလိုကျ Singapore
မှာကျောင်းတက်ရမယ်။ယောက်ခမစရိတ်နဲ့သွားရမယ် ဆို တာပြောပါတယ်။
ကာလသားအားလုံးလည်း အာကာထက်အောင်ကိုအားကျ အထင်ကြီးကြပါတယ်။ အာကာထက်အောင်က ရွှေနံ့သာမြို့ရဲ့စူပါစတား ပါ။
ညနေခင်းရောက်တော့ အာကာထက်အောင်နဲ့ ၀ိုင်းဖြစ်ကြတယ်။ကာလသားတွေ
ရင်ဖွင့်ကြတယ်။ မြနှင်းအေးအကြောင်းရောက်သွားတယ်။မြနှင်းအေးကို
ရီးစားစကားပြောနိုင်မလား။အဖြေရခဲ့ရင် ကြိုက်ရာကိုပြော
ပေးမယ်လို့စိမ်ခေါ်တယ်။ယမကာဝိုင်းမှာ
အာကာထက်အောင်လည်းပြန်စိမ်ခေါ်တယ်။ငါမြနှင်းအေးကို
ရီးစားစကားပြောမယ်။သူလက်မခံနိုင်ရင် ငါ့ခေါင်းကို
ဖြတ်ကွာ။ကာလသားတွေလက်ခုတ်တီးပြီိးအားပေတယ်။
နောက်တနေ့ ရောက်တော့ ကာလသားတသိုက် နဲ့အာကာအောင်ထက်မြနှင်းအေးဆိုင်ကိုရောက် လာတယ်။ထမင်းမှာသူ လဖက်သုတ်မှာနဲ့ ဆိုင်လည်းစည်ကားသွားတယ်။
No comments:
Post a Comment