နောက်တနေ့ ရောက်တော့ ကာလသားတသိုက် နဲ့အာကာ အောင်ထက်
ရောက်လာတယ်။ထမင်း မှာလဖက်မှာနဲ့ဆိုင်လည်းစည်ကားသွားတယ်။့အာကာ အောင်ထက်
ကမြနှင်းအေးကို လှမ်းကြည့်ပြီး သာမန်ရုပ်ရည်ပဲလေ။မင်းတို့က
ဘာကိုကြိုက်နေတာလဲ။ဒို့ရွှေနံ့သာမှာ သူ့ထက်သာတာတွေ အပုံပါကွာ
လို့တိုးတိုးလေးပြောတယ်။
အာကာအောင်ထက်လည်း ရွှေနံ့သာ
ရောက်ပြီးနေ့စဉ် မြနှင်းအေး ဆိုင်သို့ သွားရတာ အလုပ်တခု
ဖြစ်လာတယ်။ရီးစားစကား ပြောလည်း စိတ်မဆိုး သူ့ကိုမပြောသလို နားထောင်နေတတ်
သည့်မြနှင်းအေးကိုအားမရ။အာကာ အောင်ထက် ရန်ကုန်မြို့မှာ
ပွဲတိုင်းနိုင်ခဲ့သမျှ မြနှင်းအေးနဲ့တွေမှ ကိုယ့်အရည်အချင်းကိုယ်မယုံ
ဖြစ်ခဲ့ရသည်။မြနှင်းအေးငြင်းတာလဲမဟုတ်။ခေါင်းငြိမ့်တာလဲမဟုတ်။
ကာလသားတွေက ပံ့ပိုးပေးလည်း အရာမထင် မြနှင်းအေးက မကြားချင်ယောင် မသိ
ချင်ယောင် နေတတ်သည်။အဖြေတောင်းလည်းမပေး၊သည်လိုနှင့် အာကာ အောင်ထက်ရှုံးရတော့
မည်။နောက်ဆုံးတော့ အာကာ အောင်ထက် ကအမေ့ကို ဖွင့်ပြောပြီး မြနှင်းအေးကို
တောင်းခိုင်းသည်။ အာကာ အောင်ထက်အမေလည်းမြနှင်းအေးဆိုင်သို့ လာပြီး အာကာ
အောင်ထက်ကမြနှင်းအေးကို လက်ထပ်ရန်တောင်းခိုင်းကြောင်းလာပြောသည်။
ကာလသား င၀ိုင်း ကအာကာထက်အောင် နဲ့အလောင်းအစားစိမ်ခေါ်ထားတာကိုမြနှင်းအေး သိ
ပြီးဖြစ်သည်။အာကာ အောင်ထက် ရန်ကုန်မှာ လက်ထပ်ရမဲ့ မမ ရှိနေတယ်ဆိုတာလဲ
သိထားတယ်။ အာကာ အောင်ထက် အမေလာတောင်းတော့ မြနှင်းအေး အံ့သြသွားတယ်။
အာကာ အောင်ထက်နဲ့ကာလသား တစု မြနှင်းအေးဆိုင် ကိုရောက်လာတယ်။မြနှင်းအေးလည်း
အားလုံးရဲ့အရှေ့ မှာ အာကာ အောင်ထက်ကို လက်ခံပါတယ်လို့အဖြေပေးလိုက်ပါတယ်။
အာကာ အောင်ထက် နဲ့ ကာလသာတသိုက် ပျော်ကြတယ်။
သူတို့ရဲ့အပျော်တွေကို မြနှင်းအေး ကောင်းစွာ နားလည်နေပါတယ်။သူတို့ပျော်ရင်
ကြေနပ်ပါပြီ၊ သူတို့အလောင်းအစားလေးပြီးသွားပြီ၊မြနှင်းအေး လည်း
ကာလသားတွေသူ့ကိုထိကပါးရိကပါး လုပ် တော့မည်မဟုတ်လို့
သူစိတ်ပေါ့ပါးသွားပါတယ်။
အာကာ အောင်ထက် ကာလသားတသိုက်
ရောက်လာပြီဆိုရင် အာကာ အောင်ထက်ကြက်သွန် လှီး၊ထမင်းခူး၊စားပွဲထိုး
အားလုံးကူလုပ်သည်။အားလုံးက မင်းအလှုရှင် မှန်းသိအောင်လုပ်နေတာလား
ယုံပါတယ်၊သိပ်မကပ်နဲ့ လို့ပြောပါတယ်။အာကာ အောင်ထက်နေ့တိုင်း
လာပြီးကူညီပါတယ်။မြနှင်းအေး လည်းဘာမှမပြောတော့ပါ၊အချိန်တန်ရင် အာကာ
အောင်ထက်အိမ်ပြန်မယ်ဆိုတာ သိပြီးသားလေ။
အာကာ အောင်ထက်က ညနေ
ဘုရားမှာ ဆုံရအောင်လို့ မြနှင်းအေးကိုပြောတယ်။မြနှင်းအေးနဲ့ အာကာ အောင်ထက်
ဘုရားမှာဆုံကြတယ်။အာကာ အောင်ထက်ပြောထားလို့ထင်တယ်၊ ကာလသား တွေရောက်လာတယ်။
အားလုံးအရှေ့မှာမြနှင်းအေး ကပြောတယ်၊---ကိုအာကာ အောင်ထက် ထားသွားခဲ့ရင်တောင် ဒီတသက် အသစ်မရှာဖူးလို့ ဆုတောင်းခဲ့ကြောင်း-----
ပြောလိုက်တော့ အာကာ အောင်ထက် မျက်နှာပျက် သွားတယ်၊ကာလ သားတွေလည်း
ခေါင်းငိုက်စိုက်ကျသွားတယ်။အာကာ အောင်ထက် နဲ့ကာလ သား တွေ အပျော်တွေပျောက်
ကုန်တယ်။
နောက်ရက်တွေအာကာ အောင်ထက် နဲ့ ကာလသားတွေ လာပေမဲ့
ခါတိုင်းအပျော်တွေ မရှိ ဖူး၊ အားလုံး အသက်ပါသလို ခြောက်သွေ့နေတယ်။အာကာ
အောင်ထက်မျက်နှာပျက်နေတာ တပတ် လောက်ရှိနေပြီ၊အာကာ အောင်ထက်
မှာစဉ်းစားစရာတွေ များလာတယ်။ အပျော်လွန်ပြီး လောင်းကစားလုပ်တာ
ဘ၀ကိုပါလောင်းကစား မိပြီဆိုတာအာကာ အောင်ထက်သိ သွားတယ်။အာကာ အောင်ထက် ဘ၀ကို
လောင်းကြေးထပ်တာမဟုတ်ဘဲ မြနှင်းအေးဘ၀ကို သူ
လောင်းမိတယ်ဆိုတာသူစဉ်းစားမိတယ်။
သည်မြို့လေးကအရမ်းကျဉ်းတယ်။သတင်းက ချက်ချင်းပြန့်တယ်။မြနှင်းအေးကို
ဘယ်သူလက် ထပ်မလဲ၊ မြနှင်းအေးနာမည်နဲ့ ဘ၀ကို ဖျက်မိနေပြီဆိုတာ အာကာ အောင်ထက်
စဉ်းစားမိတယ်။အာကာ အောင်ထက်ရင်တွေပူပြင်းလာပြီ။ငါ့ဘ၀ကို စဉ်းစားပြီးတော့
သူ့ဘ၀ကို မစဉ်းစားခဲ့ပါလားဆိုတာတွေမိတယ်။
အာကာ
အောင်ထက်ရွှေနံ့သာမှာ တစ်လထက် ကြာနေတော့ရန်ကုန် က အာကာ အောင်ထက်
ရီးစားရွှေဝတ်မှုံလိုက်လာပါတယ်။ရွှေဝတ်မှုံလည်းသိသွားတယ်။အာကာ အောင်ထက်နဲ့
ရွှေဝတ်မှုံ မြနှင်းအေး ထမင်းဆိုင်လေးကိုရောက်လာပါတယ်။ထမင်းစားတယ်။အာကာ
အောင်ထက်စိတ်မကောင်းဖြစ်နေတယ်။ ရွှေ ၀တ်မှုံကသွက်သွက်လက်လက်နဲ့
ရန်ကုန်ရောက်ရင် မြနှင်းအေး ၀င်လာတည်းနိုင်ပါတယ်။လိုအပ်တာ
ကူညီပါမယ်လို့ပြောတယ်။ရွှေဝတ်မှုံက အာကာ အောင်ထက် လက်ထပ်ပြီိး အာကာ အောင်ထက်
Singapore မှာ ကျောင်းတက်မယ်ဆိုတာ မြနှင်းအေးကိုပြောပြတယ်။
မြနှင်းအေးက နားထောင်နေတယ်၊ဘာမှပြန်မပြော ၊အေးဆေးစွာအမူအရာမပျက် နားထောင်
နေတယ်။မြနှင်းအေး
ပြုံးပြီးနားထောင်နေတယ်။မြနှင်းအေးပြုံးပြီးနာထောင်နေတော့တဖက်သတ် ပြောနေ
ရသလိုဖြစ်နေပါတယ်။သူ့ပုံစံက ပိုင်ရှင်လက်ထဲ
ပြန်ပေးလိုက်တဲ့ပုံ၊သူပိုင်မဟုတ်တဲ့ပုံစံ၊ဘာမှမခံစားရသလို
ပြောနေတယ်။သူပုံကပြောရရင် ၀မ်းသာနေတာလား၊သည်လိုဖြစ်လာမယ်ဆိုပြီးသိထားတာလား
မြနှင်းအေးဆိုတဲ့မိန်းမကဘာလဲ၊သူ့ရှေ့မှာ ငါကျဆုံးသွားတယ်၊ဘာမဟုတ်တဲ့
မိန်းမရှေ့မှာ ငါကျရှုံးခဲ့တယ်၊ငါသာမတည်မငြိမ်ဖြစ်နေတာ သူကအပြုံး
မပျက်ဖူး၊အာကာ အောင်ထက် မျက်စေ့ထဲ
စိတ်ထဲဘယ်လိုနေမလဲယှဉ်ကြည့်နေမှာဘဲ၊မြနှင်းအေးကြောင့်ငါရှုံးတာလား၊အာကာ
အောင်ထက် ကြောင့် ငါရှုံးရတာလား (အပိုင်း-၃-ဆက်ပါမည်)
No comments:
Post a Comment