ရွှေဝတ်မှုံ သိလိုက်ရတာက မြနှင်းအေးကို သူအရှုံးပေးလိုက်ရတယ် ဆိုတာပါဘဲ။
နားမဆန့် အောင်ကြားလိုက်ရတာ က အာကာက မြနှင်းအေးဆိုင်မှာ ခရမ်းချဉ်သီး
လှီးစားပွဲထိုး တယ် ဆိုတာကို။
ရွှေဝတ်မှုံအဖေက ရန်ကုန်မှာ
ထိပ်သီးစီးပွားရေး လုပ်ငန်းရှင်၊သည်လိုလူလက်အောက်
မှာတောင်အလုပ်မလုပ်နိုင်ဘဲ၊သည်ဆိုင်မှာ သူကူနေသတဲ့လား။ စာမေးပွဲကြေးဒေါ်လာ
သွင်းထားတာ တောင်လာမဖြေနိုင်ဖူး။အားလုံးကိုမေ့ပြစ်နိုင်စွမ်းရှိနေသလား။
ရွှေဝတ်မှုံ စဉ်းစားမိတယ်။အော်ငါ့ရဲ့ပြိုင်ဘက် ငါအရှုံးပေးခဲ့ရတဲ့ ပြိုင်ဘက်က
ကြမ်းခုနှစ်ချောင်း အိမ်တောင်မပိုင်ဆိုင်ခဲ့သူပါလား။ငါ့ကို
ပြုံးပြီးမြနှင်းအေး ကြည်နိုင်သေးတယ်။သူရင်ထဲဘာမှ
မခံစာရပါလား။သူရင်ကွဲပက်လက်ဖြစ်ရမှာကို ဘာလို့ ပြုံးနေရတာလဲ။
အာကာအမေကမြနှင်းအေးကို သွားတောင်းတယ်ဆိုတာ ကို ရွှေဝတ်မှုံမကြေနပ်ချင်။
ရွှေဝတ်မှုံ ဆီကိုအာကာအမေလာတောင်းတာမရှိသေး။အာကာကလည်းသည်နေ့ရွှေညရွှေ့။
အာကာသူငယ်ချင်း င၀ိုင်း စကားအရ အလောင်းအစားလုပ်ရင်း ရီးစားဖြစ်သွားတာလို့
ပြောပေမဲ့ အာကာရင်ထဲစူးစူးနစ်နစ် ၀င်ရောက်လေးနက်တာ ကို ရွှေဝတ်မှုံ
မြင်ရတယ်။အာကာနောက်ဆုတ် ရလွယ်အောင် ရွှေဝတ်မှုံငွေပုံပေးပေမဲ့
သည်ဆူးနစ်နေတာကို နုတ်လို့ရပါ့မလား။အာကာခြေထောက်
ကနောက်ဆုတ်ပြီးပါလာတာတောင်အသည်းမှာ ဆူးတချောင်းပါလာမှာလေ။
အရမ်နုံချာတဲ့ထမင်းဆိုင်လေးမှာ ထမင်းစားပြီးဦးညွှတ်ခဲ့ရတာ ရွှေဝတ်မှုံ ဘ၀မှာ
မမေ့နိုင်ပါ။ အရှုံး အများကြီး ပေးခဲ့ရတယ်လို့ ခံစားရပါတယ်။ အဆင့်တူလို့
ကိုယ်ရှုံးသွားရင် ပြသာနာမရှိ၊သည်နုံချာလွန်း သူနဲ့ယှဉ်လိုက်မှရှုံးရတာကို
ရင်ထဲမှာမချိ။အာကာက ပလင်ထက်မှာ မပျော်ကြမ်းခုနှစ်ချောင်းမှာ ပျော်တဲ့ လူ။
------မြနှင်းအေးကပြောတယ်----
ကိုဝိုင်း--မြနှင်းအေးနားလည်ပါတယ်။ကိုဝိုင်းတို့မြှောက်ပေးလို့
မြနှင်းအေးကို ရီးစားစကားလာပြောတာ သိပါတယ်။အလောင်းအစားလုပ်တာကိုလဲသိတော့
ကိုအာကာကို နိုင်စေချင်တယ်။အနိုင်ရစေချင်လို့ လို့
မြနှင်းအေးအဖြေပေးလိုက်တာ။ကိုအာကာမှာ လက်ထပ်ရမဲ့ ချမ်းသာတဲ့မမ ရန်ကုန်မှာ
ရှိနေတာကို သိနေပါတယ်။သိနေရက်နဲ့အနိုင်ရစေချင်လို့ အဖြေပေးခဲ့တာပါ။
------အာကာကပြောတယ်-------
င၀ိုင်း----မင်းစဉ်းစာကြည့်၊ငါမြနှင်အေးအတွက်ဘယ်လောက်လုပ်ပေးခဲ့လဲ။ငါဘယ်လောက်ဂရုစိုက်
ခဲ့လဲ။ငါကသူ့ကို စွန့်ခွာထွက်သွားဖို့ အားမရှိဘူး။ဒါပေမဲ့မြနှင်းအေးက
ငါရန်ကုန်ကို ထွက်သွားမယ် ဆိုတာ ဘာမှမတားဘူး။ဘာမှမခံစားရဘူး။
စိတ်မကောင်းဖြစ်တာလဲ မရှိဘူး သူနည်းနည်း စိတ်မကောင်း ဖြစ်ရင်
ငါကြေနပ်ပါတယ်။သူ့ကို ငါချစ်သလောက် ရဲ့ဆယ့်ပုံတစ်ပုံလောက် ချစ်
ရင်ကောင်းမယ်။
အပိုင်း(၄) ဆက်ရန်
No comments:
Post a Comment