Saturday, December 22, 2012
ဗေဒင်(၂)
သင်၏မွေးနေမှာ အင်္ဂါဖြစ်ပြီး အသက် ၂၄ နှစ် ဆိုလျှင် အင်္ဂါ ဂြိုလ်သက်မှ နာရီလက်တံအတိုင်း ၁ ၂ ၃ ၄ ရေတွက်လျှင်၂၄ မှာ တနင်္လာဂြိုလ် ထဲရောက်နေသဖြင့် သင်သည် ဝင်ငွေ အကောင်းဆုံး အချိန် ဖြစ်ပါသည်။ကျန်မွေးနေ့ရှင်များလည်းအထက်ပါနည်းအတိုင်းတွက် ယူနိုင်ပါသည်။ အဆိုးဆုံးနယ်မှာ အင်္ဂါ ဗုဒ္ဓဟူး စနေ ကြာသာပတေးဖြစ်ပြီးအကောင်းဆုံးနယ်မှာ ရာဟု သောကြာ တနင်္ဂနွေ တနင်္လာဖြစ်ပါသည်။ စတင်မွေးဖွားရာမှယခုအသက်ရွယ်ထိအောင်မြင်လိုက် ရှုံးနိမ့်လိုက်နဲ့အတက်အဆင်းတွေ များပါတယ်။တသမတ် တည်းမသွားပါ ဘူးလောကဓံ ၈ ပါးကို လူတိုင်းကြုံရပါတယ်။ အဆိုးဆုံးနယ်လေးခုတွင် သင်ကျရောက်နေလျင် ဦးနှောက်ဖြင့် ဆင်ခြင်သုံး သပ်ပြီးကောင်း စွာနေ ထိုင်မှသာ ကံဆိုးမှု ကိုရှောင်နိုင်ပါမည်။ ကံက ဆိုးနေချိန် ကိုယ်ကထပ် မံဆိုးလျင် အဆိုးပေါ် အဆိုးဆင့်သွားနိုင်သည်။ ကံကောင်းသောနယ် လေးခုတွင် သင်ကျရောက်နေ ပါကပိုမိုကံ ကောင်းအကျိုးဖြစ်ထွန်းရန် ကိလေသာ ရှောင်ရန်လိုအပ်ပါသည်။ ကံကောင်းသော နယ်တွင်ကျရောက်နေချိန်၌မကောင်းမှုများလုပ်နေပါက ကောင်းကြိုးများရသင့် သလောက်မရနိုင်ပါ။ ရာထူးအလွန်မြင့် မားသူများ သည် မကောင်းသောနယ်ကိုရောက်နေချိန်တွင် မကောင်းမှုထပ် မံလုပ်မိသဖြင့်ရာထူးပျောက်သွားသူများရှိပါသည်။ အချိန်ကာလရွေလျားမှုတွေကြားမှာ အတက်အကျပြောင်း လဲမှုတွေကြုံရပါတယ်။ ဒီကလေးမွေးလို့စီးပွားကျတယ် ဆိုတဲ့အယူအဆ ကမမှန်ု ပါဘူး။ လောကဓံအကောင်းလေးခွင်မှာ (၁) ၊ယသော- အခြွေအရံ များတဲ့ကာလ။( ၂ )၊ သုခံ- ချမ်းသာတဲ့ကာလ (၃) ၊ ပသာသံ- ချီးမွှမ်းခံရတဲ့ကာလ။( ၄) ၊ လာဘော- လာဘ်လာဘပေါများ
တဲ့ကာလဖြစ်ပါတယ်။ အဆိုးနယ်လေးခွင်မှာ (၁)၊ အ- ယသော အခြွေအရံနည်းပါး တဲ့ကာလ။ (၂) ၊ ဒုက္ခံ-ဆင်းရဲတဲ့ကာလ (၃) ၊ နိနံ္ဒ- ကဲ့ရဲ့ ခံရတဲ့ ကာလ( ၄ )၊ အ လာဘော- လာဘ်လာဘနည်း ပါးတဲ့ ကာလ တွေဖြစ်ပါတယ်။ အဆိုးနယ်တွင် ကျရောက်နေသူများမှာ မွေးနေ့တွင်ဘုရားရွှေချခြင်း။ ငါးစာကျွေးခြင်း။ ဇီဝိတဒါနဘေးမဲ့လွတ်ခြင်း များပြု လုပ်နိုင်ပါသည်။ အဆိုးနယ်ကျရောက်ချိန် အင်္ဂ်ါသို့အဝင်ကို သတိထားပြီးဆင်ခြင်နေထိုင်ရပါမည် မာနနှင့်မကောင်းမူသည် သင့်ဘဝကို ပျက်စီးစေသော အကြောင်းတရားများဖြစ်ပါသည်။ အကောင်းနယ်ထဲရောက်နေသူများကလည်း ငါကွ ငါတော် လိုက်တာလို့မထင်မှတ်ပါနှင့်။သင်လည်း အချိန်ကုန်လျှင် တဖန် အဆိုးနယ် ထဲရောက်ရမည်။ ဇနီးမောင်နှံများတွင် အကောင်းနယ်ထဲရောက်နေသူက အဆိုးနယ်ကျရောက် နေသူအား အနိုင်ယူ မပြောသင့်ပေ။ အဆိုးနယ်ထဲကျရောက်နေလျှင်လည်း စိတ်ဓါတ်ကျရန် မလို ။ဖြစ်လေ့ဖြစ်ထ ရှိသောလောကဓံတရား လို့ နှလုံးသွင်း ပြီးရင်ဆိုင်ပါ။မကြာခင် အဆိုးနယ်မှလွတ်တော့မည်ဆိုပြီး ရင်ဆိုင်ပါ။ ကံ ကိုကြိုတင်သိရှိလျှင် ကြိုတင်ပြင်ဆင်နိုင်ပါသည်။အသေးစိတ်သိလိုလျင် mail ပို့လိုက်ပါ။ပြန်ဖြေပေးပါမည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment