သူကအသက် (၄၉) နှစ် ကြာသာပတေး သား ဖြစ်ပါတယ်။
နတ်သမီး ဒေသတခုကို ပြောင်းရွှေ့အလုပ်လုပ် ရပါ တာယ်။ အိမ်နီးချင်း အမ တယောက်နဲ့ ခင်သွားတယ်
သူက သူ့ယောင်္ကျား ကိုစိုးမြင့် အတွက် တွက်ပေးပါဆိုလို့ တွက်လိုက်တယ်။ ကြာသာပတေး ဂြိုလ် ထဲ ရောက် နေတယ်။ ပြောရရင် အညံ့က လွတ်ပြီပေါ့။ဘာအလုပ်လုပ်လဲ မေးတော့ ယခု ဘာမှ မလုပ်တော့ဘူး၊လွန်ခဲ့တဲ့ တနှစ်က လုပ်တိုင်း အရင်းပြုတ်သွားလို့ ဒီကြားထဲ သူခိုးလဲ ခိုးခံရတယ်လို့ပြောတယ်။
ဟုတ်ပါတယ်။သူ့ဂြိုလ်အရ လွန်ခဲ့တဲ့ တနှစ်က စနေဂြိုလ် ထဲရောက်နေတာပါ။
အမယောင်္ကျား ဦးစိုးမြင့်က အညံ့က လွတ်နေပြီ၊ယခုအလုပ်ပြန်လုပ်လို့ ရပြီ။ဘာမှ ကြောက်မနေနဲ့။ လုပ်ခိုင်း တော့ လို့ပြောရတယ်။
ရပ်ကွက်က လူတွေ ကပြောတယ်၊ ဦးစိုးမြင့် ပြောင်းလာကာစက ကားအကောင်းစား ကြီး စီးနေတာ၊ရွာက လူတွေတောင် ဦးစိုးမြင့် ကိုအားကျအတုယူနေတာလို့ပြောတယ်။
အဲဒီ အမကို တွက်ပေးလိုက်တော့ ဒီအမက တနင်္လာဂြိုလ်ကိုကျော်ပြီး အင်္ဂါဂြိုလ် ၀င်စ အချိန်ဖြစ်တယ်။ အမရေ အမ ဘာဘဲလုပ်လုပ် သတိထားလုပ် အမက အညံ့ထဲ ရောက်နေတယ်လို့ပြောလိုက်တယ်။
နောက်(၂) ရက်လောက်ကြာတော့ ဒီအမ ရောက်လာတယ်။သူကဘုရင့်နောင်မှာပွဲရုံလုပ်တယ်။ ငွေကြို ထုတ်ပေးလိုက်တာ အလိမ် ခံရတယ်ဆို ပြီးလာပြောတယ်။သူကဘာပြောသလဲဆိုရင် သူ့ကို ယတြာ မပေး လိုက်လို့ သူဒီလိုဖြစ်တာတဲ့၊ကောင်းရော
နောက်တခုပြောချင်တာရှိပါတယ်။မိုးဆိုတာ (၁၂)လ လုံးရွာနေတာ မရှိဘူး၊မိုးတွင်း လေးလမှာ မိုးရွာ တာ ကိုစုပြီး မိုးမရွာတဲ့ကာလ မှာထုတ်သုံးပေါ့။ငါအမြဲ ကံကောင်းနေမယ်လို့ မတွက်ထားသင့်ဘူး။
ရုပ်ရှင် မင်းသမီး ထက်ထက်မိုးဦးလည်း အမြဲ ထိပ်မှာ မနေရဘူး။အချိန်တန်ရင် ပြန်ဆင်းရတယ်။ အောက် မှာရောက်နေသူ လည်း အချိန်တန်ရင် ပြန်တက်လာမှာပါ။အနိမ့် ကံမှာရောက်နေရင် ဘာလုပ် ရမလဲလို့ မေးရင် ပရဟိတ များများလုပ်ပါလို့ဖြေရမှာဘဲ။
No comments:
Post a Comment