သူသည် အသက် (၃၅) နှစ် စနေသား ဖြစ်ပါသည်။ စနေဂြိုလ် မှ နာရီလက်တံ အတိုင်း ၁ ၂ ၃ ၄ ရေလျင် (၃၅) မှာ ရာဟု ဂြိုလ် အတွင်း ရောက်နေပါသည်။
ရာဟုဂြိုလ် အတွင်းရောက်နေသော သူများသည် လှလှပပ သပ်သပ် ယပ်ယပ် နေတတ် လာသည်။ ပြင်ဆင်ခြင် စိတ်ရှိလာသည်။ အိမ်ထောင်ရှိလျင် သတိထားရမည်။ သူက ယောင်္ကျားလေး ဆိုတော့ နောက် တယောက် တွေ့နိုင်သည်။ သူကလည်းပြောသည်၊နောက်တယောက်တွေ့နေ ပြီတဲ့ ၊သတိထားရှောင်ပါလို့ ရှောင်နိုင် ပါက ရတနာ ရတတ်ပါသည်။
(၁) တနင်္ဂနွေဂြိုလ် သည် အိုးအိမ် အသစ် ရတတ်ခြင်း မင်္ဂလာဆောင်ခြင်း ဂုဏ်အောင်မြင် ခြင်းကို ရတတ် သည်။
(၂) တနင်္လာ ဂြိုလ်သို့ ရောက်နေ သူများသည် ၀င်ငွေကောင်းခြင်း ငွေ အမြောက်အများရ ခြင်းများ ဖြစ်စေ ပါသည်။
(၃) အင်္ဂါဂြိုလ် သို့ရောက် နေသူများ သည် စိတ်ဆင်းရဲမှုများ ဖြစ်စေပါသည်။
(၄) ဗုဒဟူးဂြိုလ် သို့ ရောက်နေသူများ သည် စိတ် ၊ရုပ်ဆင်းရဲခြင်း များဖြစ်စေပါသည်။
(၅) စနေဂြိုလ်သို့ ရောက်နေသူများ သည် ဘေးဆိုးများ စိတ်ညစ်စရာများ ကြုံနိုင်ပါသည်။
(၆) ကြာသာပတေးဂြိုလ် သို့ ရောက်နေ သောသူများသည် လောဘ ဒေါသကြောင့် ပူလောင်နိုင်ပါ သည်။
(၇) ရာဟု သို့ရောက်နေသူ များသည် အပျော်အချစ် များဖြင့် စန်းပွင့်နေပါသည်။
(၈) သောကြာ ဂြိုလ်သို့ရောက် နေသူများသည် စိတ်ပျော်ရွှင်စရာ ဖြင့်ကြုံခြင်း နိုင်ငံခြားခရီး ထွက်ရခြင်း များ ဖြစ်စေပါသည်။
No comments:
Post a Comment