ဒုတိယအကြိမ် သျှင်ပါကူကို တင်လိုက်တော့ သျှင်ပါကူဆေးရုံက အောက်စီဂျင်
ပေးပါတယ်။အောက် စီ ဂျင်တပ်လိုက်တော့ အသက်ရှု ချောင်
သွားပါတယ်။နေထိုင်ရကောင်းသွား ပါတယ်။သောက်ဆေးများ ပေးပြီး အိမ်မှာ အောက်
ဆီဂျင် ဆောင်ထားပါ။ အသက်ရှုကျပ်လာ လျှင် အောက်စီဂျင်တပ်ပေးပါလို့ပြောတယ်။
ဒါနဲ့
လူနာကို အိမ်မှာ အောက်စီဂျင် တပ်ပေးပါတယ်။အောက်စီဂျင် ဘူးအပေါင်က
ကျပ်ငါးသောင်း ပေး ရပြီး အောက်စီဂျင် အရည်ခ
ကျပ်လေးထောင်ပေးရပါတယ်။အောက်စီဂျင်လေးထောင် ဘိုးကိုနှစ်ရက်
လောက်သုံးရပါတယ်။
နာဂစ်ပြီးစ ကာလမို့ အောက်စီဂျင်
ဝယ်ရခက်ပါတယ်။ဆေးရုံတွေမှာမှာ မရပါဘူး။သည်တော့ ဆေးရုံ ကိုမေးမြန်းပြီး
ရောင်းတဲ့ဆိုင်မှာ လိုက်ဝယ်ရပါတယ်။ဒါကြောင့် လူနာသုံးဖို့
တစ်ဘူးအရံထားဖို့တစ်ဘူး ဆိုပြီး ဒေါ်စိန်စိန်ရဲ့ညီမက သူ့ရဲ့ငွေတစ်သိန်း နဲ့
နှစ်ဘူး ၀ယ်လာပါတယ်။ဒါကို သန်းသန်းနဲ့ အေးအေး ကအတင်းဘဲအောက်စီဂျင်တစ်ဘူး
ပြန်ပို့ခိုင်းပါတယ်။ဒေါ်စိန်စိန်ညီမလဲ မတတ်သာဘဲ တစ်ဘူးပြန်ပို့ ပါတယ်။
နောက်တနေ့
ညခုနှစ်နာရီ မှာ အောက်စီဂျင် ကုန်သွားပါတယ်။ဒေါ်စိန်စိန် ညီမ ကအေးအေး ကို
အောက် စီဂျင် သွားဝယ်ခိုင်းပါတယ်။ကျမသိတဲ့ဆိုင်က ငါးနာရီမှာ ပိတ်တယ်။အခု
ဝယ်လို့မရဘူး လို့ ပြောပါတယ်။ဒါဆို အပိုဆောင်ထားတဲ့အောက်စီဂျင် ကိုငါ့ကို
ဘာလို့ပြန်ပို့ခိုင်းတာလဲ လို့မေးတယ်။ကုန်သွားတဲ့ အောက်စီဂျင်
ဘူးခွံဟောင်းက အရမ်းလေးတယ်။ဒေါ်စိန်စိန် ညီမလဲ မ,မ နိုင် ဘူး။အကိုအကြီးဆုံး
သားကထမ်းပြီး လမ်းထိပ်အထိ ပြေးထွက်ရတယ်။taxi ငှား ပြီးတင် လိုက်တယ်။ ည
(၈)နာရီ လောက်မှာ အောက်ဆီဂျင် ဆိုင် ရောက်တော့ မရှိဘူး လို့ပြောတယ်။
ဟိုနေ့ကငါတို့ အောက်စီဂျင် ပြန်အပ်သွားတယ်လေဖြစ်အောင်လုပ်ပေးပါဆိုတော့ မှ
ဆိုင် ကအောက်စီဂျင် တစ်ဘူးရောင်းပေးလိုက်တယ်။ဒါနဲ့ အောက်စီဂျင် ရလာပြီး
လူနာကို အောက်စီဂျင် တပ်ရပါတယ်။
ဒေါ်စိန်စိန်ညီမ ရှိနေရင် လူနာကို
အသက်ဆက်နေမယ်ဆိုတာကို သိသွားပါတယ်။ဒါနဲ့ ဒေါ်စိန်စိန် ညီမ ကိုညဖက်
ကော်ဖီတစ်ခွက် လာပေးတယ်။အဲဒီအထဲမှာ ၀မ်းနုတ်ဆေး တွေထည့် လိုက်ပါတယ်။သည်
ဝမ်းနုတ်ဆေးကြောင့် ဒေါ်စိန်စိန်ညီမလည်း ၀မ်းဆယ်ခါလောက်သွားပြီး
ဒူးချောင်နေလိုအိမ်ပြန်သွား ပါတယ်။နောက်တစ်ရက် နေကောင်းသွားတော့
ဒေါ်စိန်စိန်ညီမပြန်လာပါတယ်။
ဒေါ်စိန်စိန်
မောနေတာလဲမသက်သာဘူး။ဒေါ်စိန်စိန်ကသူအသက်ရှုကြပ်လို့ ဆေးရုံတင်ပေးပါ လို့ပြော
တယ်။ဒေါ်စိန်စိန်ညီမလဲ သားသမီး
အားလုံးကိုပြောပြီးဆေးရုံတင်လိုက်ပါတယ်။ရွှေဗဟိုဆေးရုံက
ကားကိုခေါ်ပြီးသျှင်ပါကူကိုတင်လိုက်ပါတယ်။သျှင်ပါကူ ရောက်တော့
နှာခေါင်းအုပ်တဲ့ အောက်စီဂျင် နဲ့ ပေးလိုက်တာ အရမ်းလန်းသွားပါတယ်။လူနာက
ဝမ်းသာစွာ ထထိုင်ပါတယ်။အိမ်မှာက ပိုက်နဲ့ အောက်စီဂျင်
ကိုနည်းနည်းဘဲဖွင့်ပေးတာကို၊ဆေးရုံမှာက နှာခေါင်းအုပ် အောက်စီဂျင် ကို
အများ ကြီး ဖွင့်ထားတာလေ။ဒေါ်စိန်စိန်က
ငါအရမ်းသက်သာသွားပြီ။သည်လောက်သက်သာရင် တော်ပါပြီ လို့ပြုံးရွှင်စွာပြောတယ်။
လူနာကို
တွန်းလှည်းနဲ့ ဓါတ်လှေခါး ကတဆင့် အပေါ်ထပ်ကို ပို့ လိုက်တယ်။အိမ်ကပါလာတဲ့
အောက်စီ ဂျင်ဘူးခွံကို အိမ်ပြန် ပို့ပါလို့ အေးအေးက စန်းစန်း ကို
ပြောတယ်။စန်းစန်း လဲ အောက်စီဂျင် ဘူးခွံဟောင်း ကိုသယ်ပြီး အိမ်ကို
ပြန်လာပါတယ်။အိမ်မှာရှိတဲ့ ဒေါ်စိန်စိန် ညီမ ကို ပြန်ခေါ်ပြီး ဆေးရုံ ပြန်လာ
ခဲ့တယ်။ဆေးရုံ ရောက်တော့ လူနာဒေါ်စိန်စိန် ရှိုက်ကြီးတငင် ငို
နေတာကိုတွေ့တယ်။အရမ်းဝမ်းနည်း ပြီးငိုနေတာကိုတွေ့တယ်။
ဒေါ်စိန်စိန်ရဲ့သမီး
အေးအေးက ဒေါ်စိန်စိန်ကို ဆရာဝန်ကြီးကပြောတယ်လူနာ ကမရတောဘူး ဆို တာကို
ဘာလို့ခေါ်လာတာလဲဆိုပြီးဆရာဝန်ကြီးကဆူနေတယ်လို့ပြောလိုက်တယ်။
လူနာက တဖြည်းဖြည်းငြိမ်သွားတယ်။စကားလဲမပြောတော့ဘူး။ခေါ်ရင်လဲမထူတော့ဘူး။
No comments:
Post a Comment